ဆီဘောက်ဆာယာဉ်နှစ်စီးအတွင်း၌ တရားမဝင် သယ်ဆောင်လာသော အမိုးနီးယမ်းနိုက်ထရိတ်များ ဖမ်းဆီးရမိ


မိုးညှင်း စက်တင်ဘာ ၂၆

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ စစ်တပ်ကုန်း၌ စက်တင်ဘာ ၂၄ ရက်က ၁၂ ဘီး ဆီဘောက်ဆာယာဉ်နှစ်စီးအတွင်း၌ တရားမဝင်သယ်ဆောင် လာသော အမိုးနီးယမ်းနိုက်ထရိတ်များတွေ့ရှိသဖြင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

စက်တင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီ မိနစ် ၅ဝ က နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင် များသည် မိုးညှင်းမြို့ရှောင်လမ်းတွင် မသင်္ကာသဖြင့် ဆီဘောက်ဆာယာဉ်နှစ်စီးကို စစ်ဆေးရာ ဆီဘောက်ဆာယာဉ်အတွင်း တရားမဝင်သယ်ဆောင်လာသော အမိုးနီးယမ်းနိုက်ထရိတ်များ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသော အမိုးနီးယမ်းနိုက်ထရိတ်များမှာ ယာဉ်အမှတ် 8I /---- နီဆန်း ၁၂ ဘီး ယာဉ်မောင်း မင်းသန့်စိုး (၂၄ နှစ်) မီးရထားရပ်ကွက် ကောလင်းမြို့နေသူနှင့် ယာဉ်အမှတ် 3C/---- နီဆန်း ၁၂ ဘီး ယာဉ်မောင်း ဦးညီလေး (၄၄ နှစ်) ရွာသစ်ကြီး ဟိုပင်မြို့နေသူတို့ကို မော်ဟန်စစ်တပ်ကုန်းစခန်းတွင် စက်တင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့က စိစစ်ခဲ့ရာ တစ်စီးလျှင် အမိုးနီးယမ်း နိုက်ထရိတ် အလုံး ၂၅ဝ ခန့် စုစုပေါင်း အလုံး ၅ဝဝ ခန့်တို့ကို သိမ်းဆည်းရမိခဲ့၍ ¤င်းတို့နှစ်ဦးကို ဥပဒေအရအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆီဘောက်ဆာယာဉ်နှစ်စီးအတွင်း၌ တရားမဝင် သယ်ဆောင်လာသော အမိုးနီးယမ်းနိုက်ထရိတ်များ ဖမ်းဆီးရမိ ဆီဘောက်ဆာယာဉ်နှစ်စီးအတွင်း၌ တရားမဝင် သယ်ဆောင်လာသော အမိုးနီးယမ်းနိုက်ထရိတ်များ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:01 Rating: 5
Powered by Blogger.