မောင်တောမြို့နယ်မှ နေရပ်စွန့်ခွာလာသည့် ဟိန္ဒူဘာသာဝင်များ လိုက်ပါလာသည့်ကား တိမ်းမှောက်မှုဖြစ်ပွား


ရခိုင်ပြည်နယ် မောင်တောမြိုနယ်မှ နေရပ်စွန့်ခွာလာတဲ့ ဟိန္ဒူဘာသာဝင်တွေ လိုက်ပါလာတဲ့ကားဟာ စက်တင်ဘာလ (၉)ရက် ည(၇)နာရီခန့်က မောင်တော-ဘူးသီးတောင် ကားလမ်း တောင်ခေါင်းကြီး အလွန်မှာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


 အဲဒီတိမ်းမှောက်တဲ့ကားပေါ်မှာ မောင်တောမြို့နယ် တမန်းသားကျေးရွာနဲ့ ကြိမ်ချောင်းကျေးရွာတွေက နေရပ်စွန့်ခွာလာတဲ့ ဟိန္ဒူဘာသာဝင်(၉၉)ဦး လိုက်ပါလာတာဖြစ်ပါတယ်။
” တောင်ခေါင်းကြီးအဆင်း တံတားအနီး တောင်နံရံနားကရေမြောင်းထဲကိုကားဘီးလျော့ကာတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့”ဘူးသီးတောင်မြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးလှရွှေကပြောပါတယ်။

ဒဏ်ရာရရှိတဲ့သူတွေကို မောင်တောမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဘူးသီးတာင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေက လူနာတင်ယဉ်တွေနဲ့ ဘူးသီးတောင်မြို့နယ်ဆေးရုံကို ပို့ဆောင်ပေးကြကာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။
”နေရပ်စွန့်ခွာလာတဲ့သူတွေကို ဟိန္ဒူလူငယ်များ ကူညီထောက်ပံ့ရေးအသင်းမှာ အပ်နှံပေးခဲ့တယ်လို့”ဘူးသီးတောင်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးလှရွှေက ဆက်လက်ပြောကြားပါတယ်။


ကားတိမ်းမှောက်တာကြောင့် အမျိုးသား(၆)ဦး၊ အမျိုးသမီး(၇)ဦးနဲ့ ကလေး(၃)ဦးမှာပွန်းပဲ့
ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး အမျိုးသမီး(၁)ဦးကတော့ အနည်းငယ်စိုးရိမ်ရတယ်လို့သိရပါတယ်။ဒီသတင်းကို စစ်တွေဗျူရိုက ကျော်လွင် ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
မောင်တောမြို့နယ်မှ နေရပ်စွန့်ခွာလာသည့် ဟိန္ဒူဘာသာဝင်များ လိုက်ပါလာသည့်ကား တိမ်းမှောက်မှုဖြစ်ပွား မောင်တောမြို့နယ်မှ နေရပ်စွန့်ခွာလာသည့် ဟိန္ဒူဘာသာဝင်များ လိုက်ပါလာသည့်ကား တိမ်းမှောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 07:08 Rating: 5
Powered by Blogger.