ခန္တီးတွင်ပစ္စတိုသေနတ်ကိုင် ရမ်းကားသူအား တပ်မတော်မှ ပစ်ခတ်ဖမ်းဆီးခဲ့ရ


မုံရွာ၊ စက်တင်ဘာ ၂၉။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ခန္တီးမြို့နယ်တွင် ပစ္စတိုသေနတ်ကိုင်ပြီး ရမ်းကားနေသူတစ်ဦးအား နယ်မြေခံ ခြေမြန်တပ်ရင်း၃၄၇မှ ကင်းပုန်းဝပ် စုံစမ်း၍ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ခန္တီးမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားစာအရ သတင်းရရှိသည်။

ခန္တီးမြို့၊ ကင်းတော်ရွာနေ ညီညီထွန်း (ခ) မောင်ညီမှာ အရက်သောက်ပြီး လက်နက်ပြ ခြိမ်းခြောက်ကြောင်း နယ်ခံများက သတင်းပို့သဖြင့် ဖြစ်စဉ်မှန်ကို စုံစမ်းနိုင်ရန် စက်တင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းက နန်ဖာရွာအနီး ချင်းတွင်းမြစ်ဘေးတွင် တပ်မတော်မှ ကင်းပုန်းဝပ်၍ စောင့်ဆိုင်းခဲ့သည်။

ထိုစဉ် ညီညီထွန်းမှ လမ်းလျောက်လာခိုက် စစ်ဆေးရန် ရပ်တန့်ခိုင်းရာ မရပ်ပဲ လွယ်အိတ်အတွင်းမှ ပစ္စတိုကို ထုတ်၍ ချိန်သဖြင့် ဒူးခေါင်းအား ပစ်ခတ်ဖမ်းခဲ့ကြောင်း တိုင်စာတွင် ဖော်ပြထားသည်။

၎င်း၏လက်အတွင်းမှလည်း ထိုင်းနိုင်ငံလုပ် ပစ္စတိုအား သိမ်းဆည်းရမိပြီး ခန္တီးဆေးရုံသို့ ဆေးကုရန် ပို့ဆောင်ပြီးနောက် ရဲစခန်းတွင် လက်နက်ပုဒ်မ ၁၉ -ကဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
ခန္တီးတွင်ပစ္စတိုသေနတ်ကိုင် ရမ်းကားသူအား တပ်မတော်မှ ပစ်ခတ်ဖမ်းဆီးခဲ့ရ ခန္တီးတွင်ပစ္စတိုသေနတ်ကိုင် ရမ်းကားသူအား တပ်မတော်မှ ပစ်ခတ်ဖမ်းဆီးခဲ့ရ Reviewed by THITHTOOLWIN on 22:29 Rating: 5
Powered by Blogger.