ယခုဘင်္ဂလာဒေ့ရှ်သို့ထွက်ပြေးလာရာတွင် ကိုယ်ဝန်ဆောင်ဘင်္ဂလီအမျိုးသမီး ခုနှစ်သောင်းပါဝင်ဟု ဘင်္ဂလာဒေ့ရှ် ကျန်းမာရေးဝန်ကြီးကဆို

( ဓာတ်ပုံ- ဘင်္ဂလာဒေ့ရှ် ကျန်းမာရေးဝန်ကြီး)
နိရဉ္စရာ၊ စက်တင်ဘာ ၁၇

ဘင်္ဂလာဒေ့ရှ် ကျန်းမာရေး ၀န်ကြီး မူဟာမတ် နာဆိမ်းမှ ယခု မြန်မာဘက်မှ ထွက်ပြေးလာပြီး ဘင်္ဂလာဒေ့ရှ်တွင် ခိုလုံနေကြသူများ အထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၇၀၀၀၀ ပါဝင်သည်ဟု တနင်္ဂနွေနေ့က ပြောကြားလိုက်သည်။

အဆိုပါ သတင်းကို The Independent သတင်းစာတွင် “70,000 pregnant women among Rohingya refugees: Nasim” ခေါင်းစဉ်ဖြင့် ဖော်ပြထားပြီး ဤလင့် http://www.theindependentbd.com/post/114531 တွင် ဖတ်ရှုနိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးက မြန်မာမှ ထွက်ပြေးလာသူများကို ကော့စ်ဘဇားဒေသသို့ သွားရောက်လည်ပတ်ကြည်ရှုစဉ် ထွက်ပြေးလာသူများအထဲတွင် ကိုယ်ဝန်ဆောင်မိခင် ၇၀၀၀၀ ပါဝင်သည်ဟု ပြောကြားသည်။

၎င်းပြောကြားမှုကို ၂ ရက်တာ ပြုလုပ်သည့် ဒက္ကားမြို့ စီတီဟိုတယ်တွင် ပြုလုပ်သည့် ၉ ကြိမ်မြောက် ဘင်္ဂလာဒေ့ရှ် ကျန်းမာရေး ညီလာခံတွင် ပြောကြားသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။

UNICEF ပြောခွင့်ရသူ Marixie Mercado ကလည်း မြန်မာဘက်မှ ထွက်ပြေးလာသူ ခန့်မှန်းခြေ ဘင်္ဂလီ ဒုက္ခသည်ပေါင်း ၃၉၁,၀၀၀ လောက်အနက် ကလေးငယ် ၂ သိန်း ၄ သောင်းလောက် ပါဝင်ကြောင်း ပြောဆိုသည်။

သူတို့၏ ထုတ်ပြန်နေသော ကိန်းဂဏန်းများအရ ထွက်ပြေးလာသူ ၄ သိန်းခန့်တွင် ကလေးငယ်နှင့်ကိုယ်ဝန်ဆောင်မှာ သုံးသိန်းတစ်သောင်းခန့်ရှိနေကိုတွေ့ရှိရမည် ဖြစ်သည်။

Narinjara
https://www.facebook.com/Narinjara
ယခုဘင်္ဂလာဒေ့ရှ်သို့ထွက်ပြေးလာရာတွင် ကိုယ်ဝန်ဆောင်ဘင်္ဂလီအမျိုးသမီး ခုနှစ်သောင်းပါဝင်ဟု ဘင်္ဂလာဒေ့ရှ် ကျန်းမာရေးဝန်ကြီးကဆို ယခုဘင်္ဂလာဒေ့ရှ်သို့ထွက်ပြေးလာရာတွင် ကိုယ်ဝန်ဆောင်ဘင်္ဂလီအမျိုးသမီး ခုနှစ်သောင်းပါဝင်ဟု ဘင်္ဂလာဒေ့ရှ် ကျန်းမာရေးဝန်ကြီးကဆို Reviewed by THITHTOOLWIN on 08:41 Rating: 5
Powered by Blogger.