![]() |
ထားဝယ်အထူးစီးပွားရေးဇုံနဲ့ ထိုင်းနယ်စပ်ကို ချိတ်ဆက်မဲ့ လမ်းမ တနေရာ |
ထိုင်းနိုင်ငံနဲ့ ထားဝယ်အထူးစီးပွားဇုန်တို့ ဆက်သွယ်မဲ့ နှစ်လမ်းသွား ကားလမ်းကို ထိုင်းနိုင်ငံက ချေးငွေ ဘတ် ၄ဒသမ ၅ ဘီလျံ နဲ့ ဆောက်ဖို့ ရှိပါတယ်။
ဒီချေးငွေယူဖို့ လက်ရှိ ပြည်ထောင်စု အဆင့်သဘောတူပြီးသားဖြစ်ပေမဲ့ လွှတ်တော်ကို ဆက်တင်ပြဖို့ လိုသေးတယ်လို့ သိရပါတယ်။
တကယ်ကုန်ကျမဲ့ စရိတ်ကို လိုတိုးပိုလျော့ လုပ်နေတဲ့အတွက် ညှိနှိုင်းနေတဲ့အတွက် ကြန့်ကြာနေတာဖြစ်ပြီး ဒီနှစ်အတွင်းတော့ ဒီစီမံချက်ကို အကောင်ထည်ဖော်နိုင်မယ်လို့ တနင်္သာရီတိုင်း စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းကပြောပါတယ်။
ထားဝယ်ဆိပ်ကမ်းကနေ ဗီယက်နမ် ဒါနန်း လောက်အထိ ချိတ်ဆက်မဲ့လမ်းဖြစ်ပြီး ထားဝယ်ကနေ ထိုင်းနယ်စပ်အကြားပဲကျန်နေတာ မြေလမ်းအဆင့်ပဲရှိနေသေးပြီး လမ်းပြီးသွားရင်တော့ တနင်္သာရီတိုင်းသာ မက မြန်မာတနိုင်ငံလုံးအတွက်ပါ အကျိုးရှိနိုင်တယ်လို့ ဦးဖြိုးဝင်းထွန်းက ပြောပါတယ်။
ထိုင်းနိုင်ငံ ကနေ မြန်မာကို ချေးမဲ့ချေးငွေပုံစံက အိမ်နီးချင်းဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်အတွက် ချေးတာဖြစ်ပြီး ပထမဆယ်နှစ်ကို အတိုးမဲ့ချေးမှာဖြစ်ပြီး နောက်အနှစ်နှစ်ဆယ်ကို အတိုးနှုန်း ဝ.၁ အဖြစ် ပေးထားတာဖြစ်ပါတယ်။
အရင်ကတော့ ဒီအထူးစီးပွားရေးဇုန် စီမံကိန်းမှာ ITD လို့ခေါ်တဲ့ ထိုင်းနိုင်ငံ ဆောက်လုပ်ရေးကုမ္ပဏီ တခုဖြစ်တဲ့ အီတာလျံထိုင်း ကုမ္ပဏီဟာ ထားဝယ်ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီနဲ့ အထူးစီးပွားရေးဇုန် ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ဖို့ ၂၀ဝ၈ ဇွန်လ ၈ရက်နေ့မှာ အစိုးရနဲ့ သဘောတူညီ ခဲ့ပေမဲ့ လုပ်ငန်းတွေ မဖြစ်မြောက်လို့ဆိုပြီး နိုဝင်ဘာ ၂ နေ့ ၂၀၁၀ ခုနှစ်မှာ နားလည်မှု စာချွန်လွှာရပ်ဆိုင်းခဲ့ပါတယ်။
ဒီလမ်းကို ဖောက်ခဲ့စဉ်က ဒေသခံတွေဆီက မြေတွေကို သိမ်းယူခဲ့တာရှိပါတယ်။ ဒီလျော်ကြေး တွေကလည်း မပြီးပြတ်သေးတာရှိပါတယ်။
ထားဝယ်စီမံကိန်းဧရိယာအတွင်း အရင် အစိုးရလက်ထက်က ဖြစ်ပွားခဲ့တဲ့ မြေယာနဲ့ လျော်ကြေး ပြဿနာတွေကို ဦးစွာဖြေရှင်းပြီးမှသာ စီမံကိန်းအား ဆက်လက်အကောင်အထည်ဖော်ရန် ထားဝယ်အခြေစိုက် အရပ်အဖက် လူမှုအဖွဲ့အစည်းများက တောင်းဆိုနေကြပါတယ်။
BBC Burmese
http://www.bbc.com/burmese
ထိုင်းချေးငွေနဲ့ ဖောက်လုပ်နေတဲ့ ထားဝယ်- ထိုင်းနယ်စပ်လမ်း နောက်ဆုံးအဆင့်ရောက်ရှိ
Reviewed by THITHTOOLWIN
on
17:45
Rating:
