နိုင်ငံတကာသံတမန်တွေနဲ့ သံရုံးတာဝန်ရှိသူ ၇၀ ကျော် မောင်တောကို သွားရောက်လေ့လာမည်

မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာမှာ သတ်ဖြတ်ပြီး မြေမြှုပ်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ မိသားစုဝင်အချို့ကို စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။ Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်ခံရတဲ့ ကျေးရွာတွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေ အများ အပြား အသတ်ခံရတဲ့နေရာတွေကို မြန်မာနိုင်ငံ အခြေစိုက်သံရုံးတွေက သံတမန်တွေနဲ့ သံရုံးတာဝန်ရှိသူ ၇၀ ကျော်ဟာ မနက်ဖြန် စက်တင်ဘာလ ၂၈ ရက်နေ့မှာ သွားရောက်ကြည့်ရှုလေ့လာမှာ ဖြစ်ပါတယ်။

သံတမန်တွေကို အစိုးရဘက်က လေ့လာဖို့ ဖိတ်ကြားခဲ့တာဖြစ်ပြီး  ရာသီဥတု အခြေအနေပေါ်မူတည်ပြီး နေရာစုံ လိုက်လံပြသပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ က ပြောပါတယ်။

"ကျနော်တို့ကတော့ ပြနိုင်ရင်တော့ အကုန်ပြမှာပေါ့။ ဟိန္ဒူတွေ အသတ်ခံရတဲ့နေရာ ဒိုင်းနက်တွေ၊ မြို တိုင်းရင်းသားတွေ ကျနော်တို့ တိုင်းရင်းသားလူနည်းစုတွေ လူမျိုးတုံး သတ်ဖြတ်ခံရတဲ့နေရာတွေ ကျနော် တို့ အကုန်လုံး လိုက်ပြမှာပေါ့။ ဒါပေမယ့် ရာသီဥတုပေါ်တော့ မူတည်တာပေါ့။ ပြလို့ရတဲ့နေရာ အကုန် လိုက်ပြမှာပေါ့။"

ဟိန္ဒူဘာသာဝင်တွေရဲ့ အလောင်းတွေ တွေ့ရှိထားတဲ့နေရာကိုလည်း သံတမန်တွေကို သွားရောက်ပြသဖို့ အစီ အစဉ်ရှိတယ်လို့ သိရပါတယ်။

တစ်ရက်ခရီးဖြစ်ပြီး သွားရောက်လေ့လာမယ့် နေရာအသေးစိတ်ကို မသိရှိရသေးဘူးလို့လည်း ဦးတင်မောင်ဆွေက ပြောပါတယ်။

မောင်တောမြို့နယ်၊ ရဲဘော်ကျကျေးရွာအနီးမှာ ARSA အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ပြီး မြေမြှုပ်ခဲ့တဲ့ ဟိန္ဒူ ဘာသာဝင်တွေရဲ့ ရုပ်အလောင်းတွေကို သတင်းပေးချက်အရ အစိုးရဘက်က ရှာဖွေတူးဖော်ခဲ့ရာ စက်တင်ဘာလ ၂၄ ရက်နေ့က ရုပ်အလောင်း ၂၈ လောင်းနဲ့ ၂၅ ရက်နေ့က ရုပ်အလောင်း ၁၇ လောင်း တွေ့ရှိခဲ့ပါတယ်။

ဟိန္ဒူဘာသာဝင်တွေရဲ့ တိုင်တန်းချက်အရ ပျောက်ဆုံးသူ ၉၃ ဦးရှိတာကြောင့် ကျန်ရှိနေသေးသူတွေကို ဆက်လက်ရှာဖွေနေပေမယ့် ထပ်မံတွေ့ရှိတာမရှိသေးကြောင်းနဲ့ တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေကို ဟိန္ဒူ ဘာသာဝင်တွေရဲ့ ဓလေ့ထုံးတမ်းအတိုင်း သဂြိုလ်ဖို့ အစိုးရဘက်က စီစဉ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
နိုင်ငံတကာသံတမန်တွေနဲ့ သံရုံးတာဝန်ရှိသူ ၇၀ ကျော် မောင်တောကို သွားရောက်လေ့လာမည် နိုင်ငံတကာသံတမန်တွေနဲ့ သံရုံးတာဝန်ရှိသူ ၇၀ ကျော် မောင်တောကို သွားရောက်လေ့လာမည် Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.