ဖမ်းဆီးခံရသည့် သံဃာတော်တစ်ပါးနှင့် ဒေသခံတစ်ဦး ၇ ရက်အကြာ ပြန်လည်လွတ်မြောက်


စက်တင်ဘာ ၁၃ ရက်၊ မားနဂါး၊ သီပေါ။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်မှ စက်တင်ဘာ ၇ ရက်တွင် ဖမ်းဆီးသွားသည့် သီပေါ မြို့မှ သံဃာတော်တစ်ပါးနှင့် အရပ်သားတစ်ဦးကို တစ်ပတ်အကြာ စက်တင်ဘာ ၁၃ ရက်တွင် ပြန်လည် လွတ်ပေးခဲ့ ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် သံဃာတော်မှာ သီပေါမြို့နယ် ရတနာရွှေဂူကျောင်းမှ ဦးဇင်းတစ်ပါးနှင့် ၎င်း၏ အစ်ကိုဖြစ်သူကို တောင်ပိုင်းရှမ်းပြည်တပ်မတော်က စက်တင်ဘာလ ၇ ရက် ည ၈ နာရီဝန်းကျင်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူတစ်ဦးက မားနဂါးသတင်းဂျာနယ်သို့ပြောသည်။

"ဟုတ်ပါတယ် ဒီနေ့(စက်တင်ဘာ ၁၃ရက်)မနက်မှာ ပြန်လွတ်လာပါပြီ။ ဒဏ်ရာတွေတော့ ရခဲ့ကြတယ်။ လက်မှာလဲ လက်ထိပ်ခတ်ထားတဲ့ ဒဏ်ရာတွေ ရှိနေတယ်။ ဒါက သတင်းအမှားကြောင့် ဖမ်းခံရတာပါ။ ဘယ်လိုသတင်းအမှားလဲ ဆိုတော့ ရှမ်းစစ်တပ်က သတင်းရထားတာက ဆရာတော်တစ်ပါးက တရုတ်ဆိုင်ကယ်အမြင့်တစ်စီးနဲ့ မူးယစ်ဆေးအ ရောင်းအဝယ်လုပ်နေတယ်ပေါ့။ ဖြစ်ချင်တော့ အခု ဖမ်းခံရတဲ့ ဦးဇင်းကလဲ တရုတ်ဆိုင်ကယ်အမြင့်စီးပြီး ညပိုင်းမှာ မှား ပြီး ဖမ်းခံရတာပါ" ဟု ဒေသခံတစ်ဦးက ပြောသည်။

"အဲဒီဖမ်းခံရတဲ့ညက ဆရာတော်က ဆွေမျိုးအိမ်ကိုသွားလည်တာ။ အဲဒီအိမ်ရောက်တော့ လူငယ် ငါးယောက်လောက် က ဘာမှ မပြောဘဲ အိမ်ထဲကို ဝင်စစ်တယ်။ အိမ်ရှင်ကလဲ ဘာအတွက်စစ်လဲဆိုတာ ပြန်မေးပါတယ်။ မေးတော့ စ ကားမများနဲ့ မင်းတို့အိမ်စစ်ဆေးစရာရှိလို့လာတာဆိုပြီး ပြောတော့ ဆရာတော်ကလဲ လူကြီးပါလား ရဲတွေပါလား ပြန် မေးတော့ ဖမ်းလိုက်တယ်။ ဖမ်းခံရတဲ့အချိန်မှာ ဆရာတော်က အစ်ကိုတော်စပ်တဲ့သူဆီကို လာထောက်ခံပေးဖို့အ တွက် ဖုန်းဆက်လိုက်တော့ သူ့အစ်ကိုရောက်လာတော့ အဲဒါနဲ့တစ်ခါတည်း ဖမ်းလိုက်တယ်" ဟု ၎င်းက ရှင်းပြသည်။

ဖမ်းဆီးခံရသူ သံဃာတော်တစ်ပါးနှင့် အရပ်သားတစ်ဦးကို ပြန်လည်လွတ်ပေးရန် ရတနာရွှေဂူကျောင်းတိုက်မှ ဆရာ တော်တစ်ပါးနှင့် ရပ်ကွက်ဥက္ကဌတို့က သွားရောက်ထောက်ခံပေးရာမှ ပြန်လည်လွတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

Photo- Sai Zam Zoung's Facebook
Marnagar News Journal
https://www.facebook.com/marnagarnewsjournal
ဖမ်းဆီးခံရသည့် သံဃာတော်တစ်ပါးနှင့် ဒေသခံတစ်ဦး ၇ ရက်အကြာ ပြန်လည်လွတ်မြောက် ဖမ်းဆီးခံရသည့် သံဃာတော်တစ်ပါးနှင့် ဒေသခံတစ်ဦး ၇ ရက်အကြာ ပြန်လည်လွတ်မြောက် Reviewed by THITHTOOLWIN on 16:59 Rating: 5
Powered by Blogger.