အင်တာပိုညီလာခံ တရုတ်မှာကျင်းပ


ရာဇ၀တ်သားတွေကို မူရင်းနိုင်ငံပြန်ပို့နိုင်ဖို့ နိုင်ငံတကာက အကူအညီ ကြီးကြီးမားမားရအောင် တရုတ်နိုင်ငံက ကြိုးပမ်းနေချိန်မှာပဲ ပေဂျင်းမြို့မှာ Interpol အထွေထွေညီလာခံ မနေ့က စတင်ကျင်းပပါတယ်။ နိုင်ငံရေးအကျိုးအမြတ်အတွက် နိုင်ငံတကာရဲတပ်ဖွဲ့ကို အသုံးချတယ်လို့ စွပ်စွဲတာတွေရှိနေပေမဲ့ ကျင်းပတာလည်း ဖြစ်ပါတယ်။

၁၅၆ နိုင်ငံက အများပြည်သူလုံခြုံရေး တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ စုစုပေါင်း တစ်ထောင်နီးပါးဟာ လေးရက်ကြာကျင်းပတဲ့ အင်တာပိုသမိုင်းက အကြီးမားဆုံးညီလာခံတစ်ခုမှာ အကြမ်းဖက်မှု၊ စနစ်တကျဖွဲ့စည်းထားတဲ့ ရာဇ၀တ်မှုနဲ့ ဆိုက်ဘာပြစ်မှု စတာတွေ ဆွေးနွေးပါမယ်။

တရုတ်ဝန်ကြီးချုပ် ရှီကျင့်ပင်ဟာ အဂတိလိုက်စားမှုကို ပြင်းပြင်ထန်ထန် တိုက်ဖျက်နေတာ သူ့နိုင်ငံနယ်နိမိတ်ကိုပါ ကျော်လွန်တိုက်ဖျက်သူ ဖြစ်ပါတယ်။

Operation Fox Hunt ဆိုတဲ့ အမဲကောင်မြေခွေးနောက်လိုက်တဲ့ စစ်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံရပ်ခြားရောက် တိုင်းပြည်ကထွက်ပြေးသွားတဲ့ အဂတိလိုက်စားတဲ့ တာဝန်ရှိသူတွေကို တိုင်းပြည်ပြန်ပို့နိုင်ဖို့ တရုတ်နိုင်ငံသားတွေက ကြိုးစားပါလို့ ရှီကျင့်ပင်က တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ တရားရုံးတွေဟာ ကွန်မြူနစ်ပါတီလက်အောက်မှာရှိတာမို့ အမေရိကန်ပြည်ထောင်စုအပါအ၀င် အနောက်နိုင်ငံတွေဟာ ရာဇ၀တ်သားတွေ မူရင်းနိုင်ငံပြန်ပို့ဖို့ တရုတ်နိုင်ငံနဲ့ စာချုပ်ချုပ်ဆိုထားမရှိပါဘူး။

RFA Burmese
https://www.facebook.com/rfaburmese

အင်တာပိုညီလာခံ တရုတ်မှာကျင်းပ အင်တာပိုညီလာခံ တရုတ်မှာကျင်းပ Reviewed by THITHTOOLWIN on 16:20 Rating: 5
Powered by Blogger.