![]() |
လူ့ဂုဏ်သိက္ခာနဲ့ အညီ ပြန်နိုင်ဖို့ အရေးကြီး |
ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောကြား ခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး လာကြတဲ့ ရိုဟင်ဂျာတွေ အနေနဲ့ သူတို့ရဲ့ အိုးအိမ် နေရာတွေဆီ ဘေးကင်းလုံခြုံပြီး လူ့ ဂုဏ်သိက္ခာနဲ့ အညီ ပြန်နိုင်ဖို့ အရေးကြီးတယ် ဆိုပြီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဆိုပါတယ်။
မြန်မာ နိုင်ငံတွင်း လက်ရှိ အင်မတန် ပြင်းထန်နေတဲ့ အမြင် သဘောထားတွေနဲ့ ဆိုရင် ဒီလို "အန္တရာယ်ကင်းဇုန်" ဆိုတွေ ထားရှိဖို့ ဆိုတာ လက်တွေ့ အကောင်အထည်ဖော်ဖို့ အင်မတန် ခက်လိမ့်မယ် ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် စကော့ မာဆီရဲလ်က ဘီဘီစီကို ပြောပါတယ်။
ပြင်းထန်နေတဲ့ ပြည်တွင်းက အမြင် သဘောထားတွေလို့ ပြောရာမှာ အချုပ်အခြာ အာဏာကို အထိပါး မခံ လိုခြင်းနဲ့ ရခိုင်ပြည်နယ် အရေးကို နိုင်ငံတကာ ပြဿနာ အဖြစ် ပုံဖော်မှာကို မလိုလားတဲ့ သဘောထားတွေကို ဆိုလိုတယ်လို့ မစ္စတာ မာဆီရဲလ်က ပြောပါတယ်။
![]() |
"အန္တရာယ်ကင်းဇုန်" လက်တွေ့ အကောင်အထည် ဖော်ဖို့ အင်မတန် ခက်မယ် |
ဒီအချိန်မှာပဲ ဆော်ဒီအာရေဗျ နိုင်ငံကလည်း မြန်မာ နိုင်ငံထဲ အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာ အာဏာပိုင်တွေ ဝင်ခွင့် မပေးတဲ့ အချက်ကို ဂျနီဗာမြို့ဦ ကုလသမဂ္ဂ လူ့ အခွင့်အရေး ကောင်စီ UNHRC ရှေ့မှောက် ထောက်ပြ ပြောဆို လာပါတယ်။
ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် မျိုးနွယ် ပြုန်းအောင် စနစ်တကျ လုပ်ဆောင် နေတာတွေကို ရပ်တန့် နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း ပိုမို လုပ်ဆောင် ကြဖို့ ဥရောပ သမဂ္ဂ ဆိုင်ရာ ဆော်ဒီအာရေဗျ သံအမတ်က တိုက်တွန်း ခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ရိုဟင်ဂျာတွေ အတွက် "အန္တရာယ်ကင်းဇုန်" ထားဖို့ ဘင်္ဂလားဒေ့ရှ် အကြံပြု
Reviewed by THITHTOOLWIN
on
19:35
Rating:
