မိုင်းငေါ့အခြေစိုက် အစိုးရတပ်မှ မန်ကန်ရွာခံတစ်ဦးကို ခေါ်ယူစစ်ဆေးကာ ရိုက်နှက်


စက်တင်ဘာ ၇ ရက်၊ မားနဂါး၊ မိုင်းငေါ့။

ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ မန်ခေါက်ကျေးရွာအုပ်စု မန်ကန်ကျေးရွာဒေသခံတစ်ဦးဖြစ်သူ ဦးလွန်ဌေး(အသက် ၃၂နှစ်)ကို မိုင်းငေါ့မြို့နယ်ခွဲ အခြေစိုက် အစိုးရတပ်မတော်မှ စက်တင်ဘာ ၃ ရက်တွင် တစ်ညဖမ်းချုပ်ကာ ရိုက်နှက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးလွန်ဌေးသည် ကျေးရွာမှ မိုင်းငေါ့သို့ ဆိုင်ကယ်ပြင်ရန်အတွက် သွားရာမှ လမ်းခရီးရှိ ထမင်းဆိုင်တွင် ဝင် ရောက်ရာတွင် မိုင်းငေါ့မှ အရပ်ဝတ်တပ်သားများက ရဲစခန်းသို့ ခဏလိုက်ခဲ့ရန် ခေါ်ရာမှ လိုက်သွားခဲ့ကြောင်း၊ ရဲစခန်း မှတစ်ဆင့် မျက်နှာကို အဝတ်စဖြင့် ပိတ်ကာ ကားဖြင့် တပ်စခန်းရှိရာသို့ ညနေ ၄ နာရီဝန်းကျင်တွင် ခေါ်ဆောင်သွား ကြောင်း ရွာခံတစ်ဦးက ပြောသည်။

"သူတို့တပ်စခန်းရောက်တော့ စစ်သားတွေက သူတို့သိမ်းထားတဲ့ ဖုန်းထဲက တအာင်းတပ်မတော်ဝတ်စုံပုံနဲ့ပြပြီး ဒါမင်း မလားဆိုပြီး စွပ်စွဲတယ်။ ဆိုင်ကယ်တူးဘောက်မှာ ကျည်ဆံတွေ တွေ့တယ်လို့လဲ ပြောတယ်။ အဲလိုပြောပြီး မျက်နှာ တွေ ရိုက်တယ်။ နောက်ဘာဆေးမှန်းမသိဘူး တစ်ချောင်းထိုးပေးလိုက်သေးတယ်။ တစ်ညလုံးလဲ သူ့လက်ကို ကြိုး တုတ်ထားတယ်" ဟု ပြောသည်။

"ဖမ်းပြီးနောက်ရက်(စက်တင်ဘာ ၄ ရက်)မှာ ပြန်လွှတ်ပေးပါတယ်။ ပြန်လွှတ်ပေးတဲ့အချိန်မှာ သူများမေးရင် အရက်မူး လို့ ဖမ်းထားတယ်လို့ဘဲ ပြောပါ။ သတင်းပေါက်ကြားရင် ပြန်လာဖမ်းမယ်လို့လဲ ခြိမ်းခြောက်သေးတယ်။ တစ်ကယ် တော့ သူက ရိုးရိုးရွာခံပါ။ ဘယ်စစ်တပ်နဲ့မှ မပတ်သက်ပါဘူး" ဟု ၎င်းက ဆက်ပြောသည်။

မိုင်းငေါ့မြို့နယ်ခွဲတွင် အစိုးရတပ်မှ တပ်သားများသည် အရပ်ဝတ်များဖြင့် သွားလာနေပြီး မသင်္ကာသူများကို ခေါ်ယူစစ် ဆေးလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

Photo- Kyaukme Youth
Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
မိုင်းငေါ့အခြေစိုက် အစိုးရတပ်မှ မန်ကန်ရွာခံတစ်ဦးကို ခေါ်ယူစစ်ဆေးကာ ရိုက်နှက် မိုင်းငေါ့အခြေစိုက် အစိုးရတပ်မှ မန်ကန်ရွာခံတစ်ဦးကို ခေါ်ယူစစ်ဆေးကာ ရိုက်နှက် Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.