ဝန်ကြီးချုပ်မိုဒီ ခရီးစဉ်နောက်ဆုံးနေ့

အိန္ဒိယ၀န်ကြီးချုပ်မိုဒီနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စက်တင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ Photo:Htet Arkar/RFA
အိန္ဒိယ၀န်ကြီးချုပ်မိုဒီနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ နတ်မောက်လမ်းက ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လိုက်လံကြည့်ရှုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဟာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနဲ့ အတူ ရွှေတိဂုံစေ တီတော်ကို သွားရောက်ဖူးမြော်ခဲ့ပြီး ရွှေတိဂုံစေတီတော်အနောက်ဘက်မုဒ်မှာ သစ်ပင်စိုက်ပျိုးခဲ့ပါတယ်။

မနေ့ညက ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသား တစ်ထောင်ကျော်လောက်နဲ့ တွေ့ဆုံစကားပြောကြားခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ အိန္ဒိယ အလှအပ အကတွေနဲ့အတူ အိန္ဒိယဆိုတော်တွေကလည်း ဖျော်ဖြေခဲ့ကြပါတယ်။

မနေ့က ပုဂံရှေးဟောင်းမြို့မှာ အာနန္ဒာဘုရားကို ၀န်ကြီးချုပ်မိုဒီ ဖူးခဲ့ပါတယ်။

ဒီကနေ့ နေ့လည်မှာ ၀န်ကြီးချုပ်မိုဒီဟာ အိန္ဒိယနိုင်ငံကို ပြန်လည်ထွက်ခွာသွားပါတယ်။

BBC Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ