လောကမာရဇိန်ဘုရားပွဲတွင် ရန်ဖြစ်သူများကို ဖျန်ဖြေပေးသော ရဲတပ်ဖွဲ့ဝင်များအရိုက်ခံရ


ကျောက်မြောင်း စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေ ဘိုခရိုင် ကျောက်မြောင်းမြို့ လော ကမာရဇိန်ဘုရားပွဲတွင် ခရိုင်ရဲတပ် ဖွဲ့မှ ဒုရဲအုပ်သိန်းကျော်ဦး၊ ဒုရဲအုပ် ကျော်မျိုးလင်း၊ နယ်မြေရဲစခန်းမှ ဒုရဲအုပ်ခင်မောင်ချစ်နှင့် တပ်ဖွဲ့ဝင် ၁၄ဦး၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ် ရေးမှူးများနှင့် ဘုရားဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလွင်တို့နှင့်အတူ ဘုရားပွဲ လုံခြုံရေးတာဝန်ထမ်း ဆောင်နေစဉ် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁ နာရီတွင် ဇာတ်ပွဲကြည့်နေသူအချင်း ချင်းရန်ဖြစ်ရာမှ သွားရောက်ဖျန် ဖြေစဉ် ဒုရဲအုပ်ခင်မောင်ချစ်နှင့် တပ်ဖွဲ့ဝင်သုံးဦးရိုက်နှက်ခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇာတ်ပွဲကပြနေစဉ် ဇာတ်ခုံအနောက်ဘက်ခြမ်းတွင် လူငယ်များအုပ်စုဖွဲ့ကခုန်နေကြပြီး အဖွဲ့ထဲမှ မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ငပျင်းအင်းကျေးရွာ သားများဖြစ်သော ပြည့်ဖြိုးနိုင် (၂၅နှစ်)၊ စိုးထက်အောင်(၁၉နှစ်)၊ သန်းပြည့်အောင်(၁၉နှစ်)ပါ ခုနစ် ဦးအဖွဲ့မှ အချင်းချင်းရန်ဖြစ်နေ သောကြောင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖျန်ဖြေပေးခဲ့ပြီး ဇာတ် ခုံအပြင်ဘက်သို့ ထွက်သွားစေခဲ့ သည်။ ဇာတ်ရုံအပြင်ဘက်ရောက် ချိန်တွင် ခုနစ်ဦးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင် များအား ဆဲဆိုကြိမ်းမောင်းပြီး စိန်ခေါ်သောကြောင့် သွားရောက် ခေါ်ဆောင်ရာ အသာတကြည်မ လိုက်ဘဲ သစ်သားတုတ်များဖြင့် ပြန်လည်ခုခံသဖြင့် လုံးထွေးသတ် ပုတ်ဖမ်းဆီးစဉ် ဒုရဲအုပ်ခင်မောင် ချစ်တွင် ယာဘက်လက်ခုံဖူးရောင်၊ တပ်သားချမ်းမြေ့အောင်တွင် ယာ ဘက်လက်ခုံဖူးရောင်၊ နှာတံ ပေါက်ပြဲ၊ ယာဘက်နားရွက် အထက်ဖူးရောင်နာကျင်၊ တပ်သား ကျော်စွာထွန်းတွင် ယာဘက်လက် ဖျံဖူးရောင်နှင့် တပ်သားတိုးတိုးနိုင် တွင် ယာဘက်လက်ဖျံဖူးရောင်နာ ကျင်ဒဏ်ရာများရရှိခဲ့သည်။ ရန် ဖြစ်သူအဖွဲ့မှ ပြည့်ဖြိုးနိုင်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ယာဘက် မျက်လုံးအောက်ဖူးရောင်၊ ဝဲ/ယာ ဒူးခေါင်းတို့တွင် နာကျင်ဒဏ်ရာ များရရှိသဖြင့် ကျောက်မြောင်း တိုက်နယ်ဆေးရုံတွင် တက်ရောက် ကုသနေကြောင်း၊ စိုးထက်အောင်၊ သန်းပြည့်အောင်နှင့် ရဲနိုင်ဦးတို့ကို (ပ)၉၂/၂ဝ၁၇ဖြင့် အမှုဖွင့်ထားပြီး ကျန်ရှိနေသူများကို ဆက်လက် ဖော်ထုတ်နေကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ရာသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထူး သွားရောက်ကြည့်ရှု ပြီး တာဝန်ထမ်းဆောင်စဉ်ဒဏ်ရာ ရရှိသွားသော ရဲတပ်ဖွဲ့ဝင်များအား အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးဝေအောင်
The Union Daily
https://www.facebook.com/uniondaily.net
လောကမာရဇိန်ဘုရားပွဲတွင် ရန်ဖြစ်သူများကို ဖျန်ဖြေပေးသော ရဲတပ်ဖွဲ့ဝင်များအရိုက်ခံရ လောကမာရဇိန်ဘုရားပွဲတွင် ရန်ဖြစ်သူများကို ဖျန်ဖြေပေးသော ရဲတပ်ဖွဲ့ဝင်များအရိုက်ခံရ Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.