ဖျန်ဖြေ၍မရသဖြင့် ဓါးမြှောင်နှင့် ပစ်ပေါက်မိရာမှ သမီးဖြစ်သူသေဆုံး


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကွင်းကြီးအုပ်စု၊ ပိန်းဂရက်ကြီးကျေးရွာမှာ စက်တင်ဘာ(၅)ရက် ည(၇)နာရီခွဲခန့်က လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

 အဲဒီ ဖြစ်စဉ်မှာ အသက်(၄၉)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ နေအိမ်မှာ လဲလျောင်း နေစဉ် လယ်ထဲကပြန်လာတဲ့ သမီးနှစ်ယောက် စကားများရန်ဖြစ်နေတာကို ဖျန်ဖြေလို့ မရတာကြောင့် အနီးမှာရှိတဲ့ အရိုး/အသွား ဆယ်လက်မခန့် ဓားမြှောင်နဲ့ ပစ်ပေါက်လိုက်ရာ သမီးအကြီး ကိုထိမှန်ခဲ့တာဖြစ်ပါတယ်။


 အဲဒီသမီးအကြီးဖြစ်သူကို အိမ်နီးနားချင်းတွေနဲ့ ရာအိမ်မှူး တို့က ကျောင်းကုန်းပြည်သူ့ဆေးရုံကို ပို့ဆောင်စဉ် ရရှိထားတဲ့ဒဏ်ရာနဲ့ လမ်းမှာသေဆုံး သွားခဲ့တာဖြစ်ပါတယ်။


 အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းကုန်းမြို့မရဲစခန်းက (ပ)၁၅၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ကာ တရားခံကို ဖမ်းဆီးထားပြီးဖြစ်တယ်လို့သိရပါတယ်။ ဒီသတင်းကို ၀င်းကြိုင် (ကျောင်းကုန်း)ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ဖျန်ဖြေ၍မရသဖြင့် ဓါးမြှောင်နှင့် ပစ်ပေါက်မိရာမှ သမီးဖြစ်သူသေဆုံး ဖျန်ဖြေ၍မရသဖြင့် ဓါးမြှောင်နှင့် ပစ်ပေါက်မိရာမှ သမီးဖြစ်သူသေဆုံး Reviewed by THITHTOOLWIN on 16:05 Rating: 5
Powered by Blogger.