ရွှေပြည်သာတွင် ပုခုံးချင်းဝင်တိုက်မိရာမှ လူသတ်မှုဖြစ်

လှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များက ဒဏ်ရာများဖြင့် သေဆုံးနေသူအား တွေ့ရှိသဖြင့် စုံစမ်းခဲ့ရာမှ လူသတ်မှုကျူးလွန်သူကို နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ စက်တင်ဘာ ၁၁

စက်တင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ အင်ကြင်းမြိုင်လမ်းမပေါ်တွင် အမျိုးသားတစ်ဦးမှာ ဦးခေါင်းနှင့် မျက်နှာတို့တွင် ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ရွှေပြည်သာမြို့မရဲစခန်း (ပ)၁၈၉၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

 သေဆုံးသူမှာ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ စက်မှုဇုန်(၁)၊ သဇင်လမ်းနေ ရာဂျစ်ကူးမား(ခ)နှုတ်ခမ်းမွှေး၊ ဟိန္ဒူ/ဗုဒ္ဓ၊ (၄၂)နှစ်ဖြစ်ကြောင်းသိရှိရပြီး ၎င်းသည် ယင်းနေ့ ည ၈ နာရီအချိန်ခန့်တွင် လမ်းလျှောက်လာစဉ် အခင်းဖြစ်နေရာသို့အရောက် ရွှေပြည်သာ မြို့နယ်၊ (၁၂)ရပ်ကွက်နေ ဝေဠု(စုံစမ်းဆဲ)၊ ထက်ဝေလင်း၊(၂၂)နှစ်တို့နှင့် ပုခုံးချင်းဝင်တိုက်မိရာမှ စကားများရန်ဖြစ်ပြီး ၎င်းတို့ ၂ ဦးမှ ခွေးမောင်းရန်အသင့်ပါလာသော သစ်သားတုတ်ဖြင့် ရိုက်ခဲ့၍ ဒဏ်ရာများရရှိသေဆုံးခြင်းဖြစ်ကြောင်းသိရှိ ရပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ထက်ဝေလင်းအား ည ၈း၁၀ နာရီအချိန်တွင် ၁၂ ရပ်ကွက်၊ ယင်းမာလမ်းသွယ်အတွင်းမှ ဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်ပြစ်မှုကျူးလွန်သူ ဝေဠုအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ြ်ပန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

ရွှေပြည်သာတွင် ပုခုံးချင်းဝင်တိုက်မိရာမှ လူသတ်မှုဖြစ်  ရွှေပြည်သာတွင် ပုခုံးချင်းဝင်တိုက်မိရာမှ လူသတ်မှုဖြစ် Reviewed by THITHTOOLWIN on 08:23 Rating: 5
Powered by Blogger.