နေပြည်တော် စက်တင်ဘာ ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် စက်တင်ဘာ ၈ ရက်တွင် လိုအပ်သည့် ကျန်းမာရေးဆေးစစ်မှုများ ခံယူရန်အတွက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ သွားရောက်ခဲ့သည်။
ယင်းသို့ ဆေးစစ်ခံယူမှုများ ပြုလုပ်ခဲ့ရာ၌ အူလမ်းကြောင်းတွင် (Colonic Polyp) တွေ့ရှိ၍ စက်တင်ဘာ ၁၀ ရက်တွင် လိုအပ်သည့် ခွဲစိတ်ကု သမှုများ ဆောင်ရွက်ခဲ့ရာ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပြီး ဆေးကုသမှု ခံယူပြီးနောက် ယနေ့ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိခဲ့သည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ ပြန်လည်ရောက်ရှိ
Reviewed by THITHTOOLWIN
on
20:40
Rating:
