![]() |
ဖယောင်းတိုင်မီးထွန်းထားရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ကျပ် ၅၂၅သိန်းကျော်ဆုံးရှုံး |
ဖယောင်းတိုင်မီးထွန်းထားရာ မှ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ ကျပ် ၅၂၅သိန်းကျော်ဆုံးရှုံးမှုဖြစ်ပွားခဲ့ ကြောင်း မြစ်ကြီးနားမြို့ ပြည်နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စိုးသန်း ကပြောသည်။
''စုစုပေါင်း မီးလောင်ဆုံးရှုံး မှုတန်ဖိုး ကျပ် ၅၂၅သိန်းကျော်ပါ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူဦးရေကို တော့ စိစစ်နေတုန်းပါ''ဟု ၄င်းက ပြောသည်။
စက်တင်ဘာလ ၁၉ ရက်နေ့  ညနေ ၆ နာရီခန့် တွင် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာ ရပ်ကွက်(၄) ဈေးအနီးရှိ အိမ်ရှင်ဦးဇော်ဝင်းနိုင် ၏ နှစ်ထပ်နေအိမ်အပေါ်ထပ် ဧည့်ခန်းရှိ သစ်သားစင်ပေါ်တွင် ဖယောင်းတိုင်မီးထွန်းထားရာမှ မီး စတင်လောင်ကျွမ်း၍ နေအိမ်ရှစ် လုံးနှင့် ဈေးဆိုင်ခန်း ၂၂ ခန်း မီး လောင်၍ ည၈နာရီခန့်တွင် မီးငြှိမ်း သတ်နိုင်ပြီး မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ မီးသတ် တပ်ဖွဲ့ဝင် ၃ဝနှင့် ရပ်ကွက်နေ ပြည်သူများ မီးငြှိမ်းသတ်ခဲ့ရာမှ ည၈နာရီခန့်တွင်မီးငြိမ်းနိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် ဦးဇော်ဝင်းနိုင်ကို (ပ)၄/၂ဝ၁၇၊ ပုဒ်မ ၂၈၅(ပေါ့ဆစွာမီးအသုံးပြုမှု) ဖြင့် ဆယ်ဇင်းနယ်မြေရဲစခန်းတွင် အရေးယူထားကြောင်း ကချင်ပြည် နယ် မီးသတ်ဦးစီးဌာန၏မှတ်တမ်း များအရ သိရသည်။
EPN
The Union Daily
https://www.facebook.com/uniondaily.net/
ဆယ်ဇင်းကျေးရွာမှာ နေအိမ် ၈ လုံးနှင့် ဈေးဆိုင်ခန်း ၂၂ ခန်း မီး လောင်
Reviewed by THITHTOOLWIN
on
17:58
Rating:
