မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပျံ့နှံ့လာမှာကို မြန်မာအစိုးရက စိုးရိမ်နေသလိုအိန္ဒိယနိုင်ငံအနေနဲ့လည်း ထပ်တူစိုးရိမ်မိပါတယ်လို့ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာမိုဒီက ပြောပါတယ်။ နေပြည်တော် သမ္မတအိမ်တော်မှာ စက်တင်ဘာလ(၆)ရက် ဒီနေ့ ပြုလုပ်တဲ့ အိန္ဒိယ၀န်ကြီးချုပ်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
အဲဒီလိုပြောကြားခဲ့တာကို မြန်မာနိုင်ငံအနေနဲ့ ၀မ်းမြောက်မိကြောင်းနဲ့ စိန်ခေါ်မှုတွေကို အတူတကွရင်ဆိုင်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ဒေသတွင်း လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားတွေ ရှိတယ်လို့ ၀န်ကြီးချုပ် မိုဒီကပြောပါတယ်။ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး စည်းလုံးညီညွတ်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုတွေ အပါအ၀င် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ဒီမိုကရေစီစံတန်ဖိုးတွေ
အားလုံးကိုလည်း လေးစားလိုက်နာပြီး ပြည်တွင်းအဖွဲ့အစည်းအားလုံးက ပူးပေါင်းအဖြေရှာနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ၀န်ကြီးချုပ် မိုဒီက ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ - Reuters
5 PLUS NEWS
https://www.facebook.com/5plusnews/