မိုးညှင်းမှာ အိမ်ပေါ်တက် ဓားခုတ်မှုကြောင့် အဖွားတစ်ဦး သေဆုံး


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အောင်သပြေ(၃)ရပ်ကွက် ဦးဖိုးကျားလမ်းနှင့်နတ်ရှင်နောင်လမ်းကြား အိမ်အမှတ်(၁၀၀)၌ စက်တင်ဘာလ ၂၀ ရက်နေ့ ည(၁၀)နာရီ အချိန်ခန့်တွင် အမျိုးသမီးများသာရှိသော အိမ်၌ဓားခုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ သက်​ကြီးရွယ်​အို အမျိုးသမီးသုံးဦးနေထိုင်သော အိမ်အတွင်းသို့ ဓားရှည်ကိုင်ဆောင်ထားသော လူငယ်တစ်ဦးမှဝင်ရောက်ငွေတောင်းရာ ဒေါ်ကျိင်ဆံ(သ)(၇၈)နှစ်မှာ ငွေမရှိကြောင်းပြောရာ ဒေါ်ကျိင်ဆံအား အသင့်ယူဆောင်လာသော ဓားရှည်နှင့်ခုတ်သောကြောင့်၊ ဦးခေါင်းနောက်ပြရှဒဏ်ရာ(၁)ချက်၊ နှဖူးပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာလက်ချောင်းများပြတ်ရှဒဏ်ရာများ(စိုးရိမ်ရ)နှင့် မီးဖိုချောင်အတွင်းလဲနေကြောင်း သိရပါသည်။

 ဒေါ်ကျိင်ဆံ၏သမီးဖြစ်သူ ဒေါ်ခိုင် (၅၅)နှစ်မှာ အော်သံကြားသဖြင့် လာရောက်စဉ် ဓားရှည်ကိုင်သူမှ ဒေါ်ခိုင်အား နောက်မှလိုက်ခုတ်ရာ နောက်ကျော ပြတ်ရှဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)ရရှိပြီးသမီးဖြစ်သူမှ အော်ဟစ်အကူအညီတောင်းရာ ပြစ်မှု့ ကျူးလွန်သူမှာ ထွက်ပြေးလွတ်မြှောက်သွားကြောင်းသိရှိရပြီး တရားခံ အမြန်ဆုံးဖမ်းမိနိုင်ရန် ရဲတပ်ဖွဲ့မှ ရှာဖွေစုံစမ်းလျက်ရှိကြောင်းသိရှိရပါသည်။

ဓားဖြင့်ခုတ်ခံရသူ ဒေါ်ကျိင်ဆံ (၇၈)မှာ ရရှိထားသော ဒဏ်ရာများနှင့် ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့ နေ့လည်(၁၂း၅၀)အချိန်၌ ကွယ်လွန်သွားကြောင်းသိရပါသည်။

Nyi Nyi Myint (fb)
မိုးညှင်းမှာ အိမ်ပေါ်တက် ဓားခုတ်မှုကြောင့် အဖွားတစ်ဦး သေဆုံး မိုးညှင်းမှာ အိမ်ပေါ်တက် ဓားခုတ်မှုကြောင့် အဖွားတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 18:57 Rating: 5
Powered by Blogger.