ငါ့သရောက်မြို့ တောပြားကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စေတီတစ်ဆူ မြေခပျက်စီးမှုဖြစ်ပွား


ငါ့သရောက် စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောပြားကျေးရွာမြောက်ဘက်တွင် ဒေသခံ ပြည်သူများ တည်ထားကိုးကွယ်လျက်ရှိသည့် ကျောင်းတော်ရာ မြတ်စွာဘုရားစေတီတော်မှာ စက်တင်ဘာ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေခပျက်စီးသွားခဲ့ကြောင်း အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။

ငါ့သရောက်မြို့ တောပြားကျေးရွာ ဒေသခံပြည်သူများ တည်ထားကိုးကွယ်လျက်ရှိသည့် ကျောင်းတော်ရာမြတ်စွာဘုရား စေတီတော်မှာ ဥာဏ်တော်အမြင့် (၉)တောင်ရှိပြီး၊ လုံးပတ်မှာ (၁၀)ပေခန့်ရှိကာ ကျောက်သားများဖြင့် ပြုလုပ်ထားသည့် စေတီတစ်ဆူဖြစ်ကြောင်း သိရပြီး၊ ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေခပျက်စီးသွားခဲ့ကြောင်း သိရသည်။ ယခု အခါ အဆိုပါ မြေခပျက်စီးသည့်စေတီတော်အား တောပြားကျေးရွာ ရွှေဥမှင်ကျောင်းတိုက်ဆရာတော် ဦးဣန္ဒက မှ ဦးစီး၍ ကျေးရွာသူ၊ ကျေးရွာသားများက ဘုရားပွဲကျင်းပရက်အမီ ပြန်လည်ပြုပြင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောပြားကျေးရွာအုပ်ချုပ်ရေးမှူး ဦးတိုင်းကျော်က ပြောပြ၍ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)
https://www.facebook.com/MYANMAALINNNEWS
ငါ့သရောက်မြို့ တောပြားကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စေတီတစ်ဆူ မြေခပျက်စီးမှုဖြစ်ပွား ငါ့သရောက်မြို့ တောပြားကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စေတီတစ်ဆူ မြေခပျက်စီးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.