ရခိုင်ရေး လုံခြုံရေးကောင်စီ ဆွေးနွေးမယ်

 မွတ်ဆလင် လေးသိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး
မြန်မာနိုင်ငံက ရခိုင်ပြည်နယ် မြောက်ပိုင်း အရေးအခင်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြာသပတေးနေ့မှာ ဆွေးနွေးမယ်လို့ သိရပါတယ်။

လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ဖို့ အမေရိကန်၊ဗြိတိန်နဲ့ ပြင်သစ်တို့က တောင်းဆိုခဲ့တာ ဖြစ်ပြီး အမြဲတမ်း အဖွဲ့ ဝင် မဟုတ်တဲ့ အလှည့်ကျ အဖွဲ့ဝင် အီဂျစ်၊ ကာဇက်စတန်၊ ဆီနီဂေါနဲ့ ဆွီဒင်တို့ကပါ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ တင်ပြချက်တွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။

မြန်မာ့တပ်မတော်နဲ့ ARSA အဖွဲ့ကြား စစ်ဆင်ရေးတွေ အတွင်း ရိုဟင်ဂျာ မွတ်ဆလင် လေးသိန်းကျော် ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ရခိုင်ရေး လုံခြုံရေးကောင်စီ ဆွေးနွေးမယ် ရခိုင်ရေး လုံခြုံရေးကောင်စီ ဆွေးနွေးမယ် Reviewed by THITHTOOLWIN on 17:04 Rating: 5
Powered by Blogger.