ဝရိန်တို့စဉ် ဓာတ်လိုက်၍ သေဆုံး


နေပြည်တော်၊ စက်တင်ဘာ ၂၈

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ကံမ မြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဓာတ်လိုက်သေဆုံးသူတစ်ဦး ကံမမြို့ပြည်သူ့ဆေးရုံ၌ ရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။

 သေဆုံးသူမှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ နယ်မြေ(၇)နေ ဆိုင်းဘုတ်လုပ်ငန်းလုပ်ကိုင်သူ သန်းမင်းထွန်း(၃၂)နှစ် သည် ကံမမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ "ဖြိုး" ဖုန်းရောင်းဝယ်ရေးဆိုင်ရှေ့တွင် ကြော်ငြာ ဆိုင်းဘုတ် တပ်ဆင်ရန် ဝရိန်တို့နေစဉ် ဓာတ်လိုက်၍ အမြင့်(၅)ပေမှ ပြုတ်ကျပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိသဖြင့် ကံမမြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၇)ဖြင့် အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia/
ဝရိန်တို့စဉ် ဓာတ်လိုက်၍ သေဆုံး ဝရိန်တို့စဉ် ဓာတ်လိုက်၍ သေဆုံး Reviewed by THITHTOOLWIN on 22:06 Rating: 5
Powered by Blogger.