ဘင်္ဂလာဒေ့ရှ် ဒုက္ခသည် စခန်းတစ်ခုမှ ဟိန္ဒူလူမျိုး တစ်ဦး သတ်ဖြတ်ခံရ

(ဘင်္ဂလာဒေ့ရှ်ရောက် ဟိန္ဒူ ဒုက္ခသည်များကိုတွေ့ရစဉ်)
နိရဉ္စရာ၊ စက်တင်ဘာ ၂၄

ဘင်္ဂလာဒေ့ရှ်သို့ ဘင်္ဂလီများနှင့် အတူပါသွားပြီး လိုက်ပါခိုလုံနေသူ ဟိန္ဒူအမျိုးသား တစ်ဦး၏ အလောင်းကို ယနေ့ နံနက်က ရှာဖွေတွေ့ရှိခဲ့ပြီး သူ့အား (သူတို့အခေါ် ရိုဟင်ဂျာ) ဘင်္ဂလီများက သတ်ဖြတ်ခြင်းဖြစ်ကြောင်း မိသားစုများက ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

သေဆုံးသူ ဟိန္ဒူလူမျိုးမှာ Rabindra Paul (၄၂) နှစ်ဖြစ်ကြောင်း၊ သူ့အလောင်းကို အိုကီးယားမြို့နယ် ဖါလောင်းခါလီရှိ ဘာလူခါလီမြောင်းအတွင်းမှ တွေ့ရှိခဲ့သည်ဟု ဘင်္ဂလာရဲက ပြောကြားသည်။

၎င်းဟိန္ဒူအမျိုးသားသည် မြန်မာနိုင်ငံတွင် နေထိုင်စဉ်က ရရှိရန် ကျန်နေသည့် အကြွေးကို တောင်းခံရန် ဒုက္ခသည်စခန်းသို့ သွားရောက်ရာမှ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလာဒေ့ရှ် ဒုက္ခသည် စခန်းတစ်ခုမှ ဟိန္ဒူလူမျိုး တစ်ဦး သတ်ဖြတ်ခံရ ဘင်္ဂလာဒေ့ရှ် ဒုက္ခသည် စခန်းတစ်ခုမှ ဟိန္ဒူလူမျိုး တစ်ဦး သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.