ဒုက္ခသည် သုံးယောက်သေဆုံးမှု တပ်မတော်သားတွေကို စစ်ဆေး

မိုင်းခေါင်ရွာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းက အသတ်ခံရတဲ့သူတွေရဲ့ ရုပ်အလောင်းကို တွေ့ရစဉ်။ Courtesy: Myitkyina News
ပြီးခဲ့တဲ့ မေလအတွင်းက မန်စီမြို့နယ် မိုင်းခေါင်ရွာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းက ဒုက္ခသည် သုံးဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့ တပ်မတော်သားတချို့ကို မန်စီမြို့ အခြေစိုက် အမှတ် ၃၁၉ ခြေမြန်တပ်ရင်းမှာ ဒီကနေ့ စစ်ဆေးနေပါတယ်။

အဲဒီလို စစ်ဆေးနေတာကို သေဆုံးသူတွေရဲ့ မိသားစုတွေ၊ ပြည်သူတွေနဲ့ ဌာနဆိုင်ရာတွေ တက်ရောက် နားထောင်နေပြီး ဒီကနေ့ ညနေပိုင်း ၅ နာရီအထိ စစ်ဆေးနေဆဲဖြစ်တယ်လို့ မန်စီမြို့နယ် ရဲတပ်ဖွဲ့မှူး က ပြောပါတယ်။

မိုင်းခေါင်ရွာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေတယ်ဆိုတဲ့ မရန်ဘရန်ဆိုင်း၊ အင်ခွန်ဂမ်အောင်၊ လဗျနော်ခွန်း ဆိုသူ ၃ ဦးဟာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ ညဦးပိုင်းက နေ့စားလုပ်ကိုင်ပြီး အပြန်မှာ ပျောက်ဆုံးခဲ့တာပါ။

အဲဒီလိုပျောက်ဆုံးနေပြီး ပြန်မလာလို့ လိုက်ရှာရာကနေ မေလ ၂၈ ရက်နေ့က မိုင်းခေါင်ရွာအရှေ့ဘက် လေး မိုင်လောက်ဝေးတဲ့နေရာမှာ အလောင်းတွေကို တူးဖော်တွေ့ရှိခဲ့တာလို့ ပြောပါတယ်။

သေဆုံးမှုဟာ နယ်မြေခံ ၃၁၉ တပ်မတော်သားတချို့နဲ့ ပတ်သက်တယ်လို့ ရွာသားတွေက ယူဆနေကြတဲ့အတွက် တပ်မတော်က အခုလို စစ်ဆေးနေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဒုက္ခသည် သုံးယောက်သေဆုံးမှု တပ်မတော်သားတွေကို စစ်ဆေး ဒုက္ခသည် သုံးယောက်သေဆုံးမှု တပ်မတော်သားတွေကို စစ်ဆေး Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.