စစ်တွေမြို့ ပွိုင့်အပန်းဖြေကမ်းခြေတွင် လူသေအလောင်း တစ်လောင်းတွေ့ရှိ


ရခိုင်ဂေဇက်၊ စက်တင်ဘာ ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပွိုင့်အပန်းဖြေကမ်းခြေတွင် စက်တင်ဘာ ညနေ ၂၉ ရက် ၅ နာရီ ခန့်တွင် သူသေလောင်းအလောင်းတွေ့ရှိသည်ဟု စစ်တွေမြို့မရဲစခန်း အမှတ်(၁)မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

“ဟုတ်ကဲ့ပျောက်ဆုံးနေတာက စက်တင်ဘာ ၂၈ ရက်နေ့ကနေပျောက်ဆုံးနေတာပါ မနေ့ကဘဲ စစ်တွေပွိုင့်ကမ်းခြေမှာပေါ်လာတာလို့ကြားလို့ သတင်းအရသွားကြည့်တော့ စစ်တွေပွိုင့်ကမ်း
ခြေပင်လယ်ကမ်းစပ် မှာပေါ်နေတာပါ အလောင်းကတော့ တောင်ဖက်မျက်နှာမှုကာ မှောက်လျှက်တွေ့ရှိတာပါ”ဟု စစ်တွေမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှ ရခိုင်ဂေဇက်သို့ ပြောသည်။

သေဆုံးသူမှာ ပေါက်တောမြို့နယ် စိုင်းတုတ်ကျေးရွာမှ ဦးအောင်စောချေ(ဘ)ဦးဖြူလှအောင် ရခိုင်/ဗုဒ္ဓ ရေလုပ်သား ဖြစ်ပြီး စစ်တွေသို့ မြေပုံမြို့နယ် ပွန်ခြောက်ချောင်းမှ စက်လှေနှင့် ငါးရောင်းရန် အခြားသူ သုံးဦးနှင့်အတူ (သေဆုံးသူ)တို့ (၄)ဦး ထွက်လာခဲ့ပြီး စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီခန့်တွင် စက်တွေ ဆိပ်ကမ်း(မြို့မဈေး)အနီးသို့ ရောက်ရှိစဉ် လှိုင်းလေပြင်းထန်၍ ဦးမောင်ရွှေညွှန့်နှင့်အတူ (မြို့မ)ဆိပ်ကမ်းမှ ဆက်ရိုးကျဆိပ်ကမ်းသို့ ထွက်ခွာလာစဉ် မြို့လယ်ချောင်းဝင်ဝ ကုလားတန်မြစ်အရောက် မိုးသက်လေပြင်းကျရောက်၍ စက်လှေပေါ်ပြုကျ ပျောက်ဆုံးနေခဲ့သူ ဖြစ်ကြောင်း လည်းစစ်တွေမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှ ဆိုသည်​။

သေဆုံးခြင်းအပေါ် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် မြို့မရဲစခန်းမှအမှုဖွင့် စုံစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဇွဲလင်းနိုင် (စစ်တွေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
စစ်တွေမြို့ ပွိုင့်အပန်းဖြေကမ်းခြေတွင် လူသေအလောင်း တစ်လောင်းတွေ့ရှိ စစ်တွေမြို့ ပွိုင့်အပန်းဖြေကမ်းခြေတွင် လူသေအလောင်း တစ်လောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.