သိုဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိ

သိုဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းဟုယူဆရသည့် ကျောက်တုံးများသိမ်းဆည်းရမိ
နေပြည်တော် စက်တင်ဘာ ၂၂

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်က စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်က မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၃၂၆ စီး၊ သွင်းကုန် ၃၅၈ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၆ စီး ၊ သွင်းကုန် ၁၄၈ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၁ ရက်က ရေပူအမြဲတမ်းစစ်ဆေး ရေးစခန်းတွင် တားဆီးမှုခြောက်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇ ဒသမ ၈ဝ၆ သန်းခန့်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှုငါးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄ ဒသမ ၉၉၃ သန်းခန့် စုစုပေါင်းတားဆီးမှု ၁၁ မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂ ဒသမ ၇၉၉ သန်းခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ထူးခြားဖမ်းဆီးမှုအနေဖြင့် စက်တင်ဘာ ၂၁ ရက်က သတင်းအရ မူဆယ်သို့ သွားရောက်မည့်ယာဉ်များအား ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေး ရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်စဉ် မိုင်တိုင်အမှတ် ၁၉၅ မိုင် ၆ ဖာလုံ ကောင်းဆာရွာအနီး၌ မသင်္ကာဖွယ်ရပ်တန့်ထားသော Toyota Ipsum ယာဉ် တစ်စီးအားတွေ့ရှိ၍ စစ်ဆေးခဲ့ရာ ယာဉ်၏ကြမ်းခင်းအောက်ဘက်တွင် အံဝှက်ပြုလုပ်၍ သိုဝှက်သယ်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသော အရွယ်စုံကျောက်တုံးနှင့် ကျောက်အပိုင်းအစများ ၆၆ တုံး၊ အလေးချိန် ၃၆၈ ကီလိုနှင့် ပစ္စည်းသယ်ဆောင် သည့်ယာဉ်တစ်စီး စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁ ဒသမ ၉ဝ သန်းခန့်အား တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
သိုဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိ သိုဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 10:53 Rating: 5
Powered by Blogger.