တက္ကဆက်၌ ဖြစ်ပွားနေသော ဟာရီကိန်းမုန်တိုင်း ဟာဗီ ကြောင့် သေဆုံးသူ ၄ဝ ကျော်ထိရှိလာ

ဟာရီကိန်းမုန်တိုင်း ဟာဗီကြောင့် ရေးကြီးမှုဖြစ်ပွားနေသော တက္ကဆက်ပြည်နယ်၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဆင်ဟွာ)
    ဟူစတန် ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ၌ ဖြစ်ပွားနေသော ဟာရီကိန်းမုန်တိုင်း ဟာဗီ ကြောင့် ရေကြီးရေလျှံမှု အတွင်း သေဆုံးသူ ဦးရေမှာ ၄ဝ ကျော်ထိ ရောက်ရှိသွားပြီဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

သမိုင်းတွင် ရေကြီးမှုအတွင်း လူသေဆုံးမှုများနှင့်ပတ်သက်၍ ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသော ဆရာဝန်များက အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသတွင်းရေကြီးမှုကြောင့် အခြား သေဆုံးသူများလည်း ရှိနိုင်ကြောင်း အာဏာပိုင်များက ယုံကြည်နေပြီး ရှာဖွေရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

Harris County မှုခင်းသိပ္ပံဌာနမှ ပြောကြားရာတွင် သြဂုတ်လ ၃ဝ ရက် ညပိုင်းအထိ သေဆုံးသူ ၁၈ ဦး ကြောင်း နှင့် ၄င်းတို့ အနက် တစ်ဦးမှာ မတော်တဆရေနစ်သေဆုံးမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ နောက်ထပ် သေဆုံးသူ ၁ဝ ဦးမှာ ပြင်းထန်သော မုန်တိုင်းဒဏ်ကြောင့် ဖြစ်နိုင်ကြောင်း နှင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
သေဆုံးသူများအနက် မိသာစုတစ်ခုထဲမှ လူ ၆ ဦးသည် ဟူစတန်မြို့ အနီး Greens Bayou တွင် သြဂုတ်လ ၂၇ ရက်က ၄င်းတို့ ၏ ဘန်ကားတစ်စီးနှင့်အတူ ရေစီးထဲမျှော်ပါသွားပြီး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
တက္ကဆက်၌ ဖြစ်ပွားနေသော ဟာရီကိန်းမုန်တိုင်း ဟာဗီ ကြောင့် သေဆုံးသူ ၄ဝ ကျော်ထိရှိလာ တက္ကဆက်၌ ဖြစ်ပွားနေသော ဟာရီကိန်းမုန်တိုင်း ဟာဗီ ကြောင့် သေဆုံးသူ ၄ဝ ကျော်ထိရှိလာ Reviewed by THITHTOOLWIN on 18:22 Rating: 5
Powered by Blogger.