အာရှနိုင်ငံတွေရဲ့ စီးပွားရေးတိုးနှုန်းကို သက်ကြီးရွယ်အိုတွေက ဆွဲချမည်လို့ဆို


မကြာခင်ကာလမှာ သက်ကြီးရွယ်အိုဦးရေတွေက အာရှက စီးပွားရေး အင်အားကောင်းတဲ့နိုင်ငံတွေရဲ့ တိုးတက်နှုန်းကို ဖင့်လေး နှေးကွေးစေလိမ့်မယ်လို့ IMF- နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Christine Lagarde က သတိပေးလိုက်ပါတယ်။

သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်အရောက်မှာ ဂျပန်နိုင်ငံလူဦးရေရဲ့ ၂၈ % ဟာ အသက် ၆၅ နှစ်ဒါမှမဟုတ် ၆၅ ကျော်တွေ =ဖြစ်ကြပြီး တောင်ကိုရီးယားနိုင်ငံ လူဦးရေရဲ့ ငါးပုံတပုံဟာ အသက် ၆၅ နှစ်ရွယ်တွေ ဖြစ်လာမယ်လို့ဆိုပါတယ်။

တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ ထိုင်းနိုင်ငံအပါအ၀င် သက်ကြီးတွေ များလာတဲ့နိုင်ငံတွေဟာ အနာဂတ်မှာ အလုပ်လုပ်နိုင်တဲ့အင်အားက နည်းသွားပြီး ကုန်ထုတ်လုပ်မှု တိုးတက်နှုန်းက နိမ့်ပါးလာဖွယ်ရှိတယ်လို့ Lagarde က ခန့်မှန်းပါတယ်။

ဒါကြောင့်လည်း ကလေးတွေကို ပြုစုစောင့်ရှောက်နိုင်တဲ့ အခွင့်ထူးတွေပိုပေးရင်း တဖက်မှာ အလုပ်လုပ်တဲ့ မိခင်တွေကို အခွင့်အရေးပိုပေးရုံမက အချိန်ပိုင်းအလုပ်တွေမှာ ၀င်လုပ်နိုင်ဖို့ မက်လုံးတွေပေးပြီး လုပ်ငန်းခွင်တွေမှာ အမျိုးသမီးအချိုးအစား ပိုများလာအောင် အားပေးအားမြှောက်လုပ်သင့်တယ်လို့ အစိုးရတွေကို IMF အကြီးအကဲက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းသွားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အာရှနိုင်ငံတွေရဲ့ စီးပွားရေးတိုးနှုန်းကို သက်ကြီးရွယ်အိုတွေက ဆွဲချမည်လို့ဆို အာရှနိုင်ငံတွေရဲ့ စီးပွားရေးတိုးနှုန်းကို သက်ကြီးရွယ်အိုတွေက ဆွဲချမည်လို့ဆို Reviewed by THITHTOOLWIN on 22:05 Rating: 5
Powered by Blogger.