ရေးမြို့နယ်၌ မသန်စွမ်းနေတဲ့ အမျိုးသမီးအား သားမယားပြုကျင့် ကြံစည်သူအား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူ


မွန်ုပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု ငါးမျှားစခန်းကျေးရွာတွင် ငါးဖမ်းသွားသည့် ခင်ပွန်းဖြစ်သူ နေအိမ်တွင် မရှိခိုက် သားမယားပြုကျင့်ရန် ကြံစည်အားထုတ်သူအား ကျေးရွာတာဝန်ရှိသူနဲ့ ပူးပေါင်းပြီး ရဲတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၁၄ရက်က ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရသည်။

စက်တင်ဘာ ၁၃ရက်နေ့ ည၁၁နာရီခွဲအချိန်က မဝီမွန် မှာ သူခင်ပွန်းက ငါးသွားဖမ်းရန်အပြင်သို့သွားစဉ် နေအိမ်မှာ သားကလေးနဲ့အတူ ရှိနေချိန်မှာဘဲ အိမ်နီးချင်းနေထိုင်သူဖြစ်သည့် ကိုရင်ကောင် (ခ) သန်းထိုက်က သားမယားပြုကျင့် အားထုတ်ကြိုးစားဖို့ရောက်လာပြီး မဝီမွန်သားက အော်ငို၍ သန်းထိုက်က နေအိမ်မှ ထပြန်သွားခဲ့ကြောင်း ရေးမြို့မ ရဲစခန်းမှ ရဲအရာရှိက ပြောသည်။

မဝီမွန်မှာ ခန္ဓာကိုယ်အောက်ပိုင်း မသန်းစွမ်းနေသူလည်းဖြစ်ကာ ၂နှစ်သားအရွယ် ကလေး
တစ်ဦးထွန်းကားခဲ့ပြီး အခုလိုသားမယားပြုကျင့်ဖို့ ကြံစည်အားထုတ်သူအား အရေးယူပေးဖို့ တိုင်တန်းမှုပြုလုပ်လာခဲ့ပါတယ် ဟု ရေးမြို့မ ရဲစခန်းမှ တာဝန်ကျရဲတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်များနဲ့ ပက်သက်၍ ကိုရင်ကောင် (ခ) သန်းထိုက်အား ရေးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နေမျိုးထွဋ် - ရေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေးမြို့နယ်၌ မသန်စွမ်းနေတဲ့ အမျိုးသမီးအား သားမယားပြုကျင့် ကြံစည်သူအား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူ ရေးမြို့နယ်၌ မသန်စွမ်းနေတဲ့ အမျိုးသမီးအား သားမယားပြုကျင့် ကြံစည်သူအား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.