လာအိုမှာ ဆင်စွယ်ဈေးကွက် တဟုန်ထိုး ကြီးထွားလာ

 လာအိုမှာ ဆင်စွယ် လက်ဝတ်လက်စားတွေ ရောင်းကောင်း
လာအိုနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆင်စွယ် ဈေးကွက် အမြန်ဆုံး ကြီးထွားလာတဲ့ နိုင်ငံတခု ဖြစ်လာနေပြီး ဆင်စွယ် တရားမဝင် ရောင်းဝယ်တာကို တားဆီးဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို ထိခိုက်လာနေတယ်လို့ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူတွေက သတိပေး ပြောကြားလိုက်ပါတယ်။

ကင်ညာ အခြေစိုက် Save the Elephants ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး ပရဟိတ အဖွဲ့က ဒါဟာ ဆင်စွယ် မှောင်ခို ရောင်းဝယ်မှုဆိုင်ရာ ဥပဒေတွေ သြဇာသက်ရောက်မှု လျော့ရဲမှုကြောင့် ဖြစ်ပြီး လာအိုနိုင်ငံမှာ တရုတ် ခရီးသွား ဧည့်သည်တွေရဲ့ ဝယ်လိုအား တိုးလာမှုတွေလည်း ပါတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံ ကတော့ အခုနှစ်ကုန် မတိုင်ခင် ဆင်စွယ် ရောင်းချမှုတွေ တဖြည်းဖြည်း ရပ်ဆိုင်းသွားအောင် လုပ်ဖို့ ကတိပြုထားပါတယ်။

လာအိုနိုင်ငံမှာ ဆင်စွယ် လက်ဝတ် ရတနာ ရောင်းချတဲ့ ဆိုင် အရေအတွက်ဟာ လာမယ့် နှစ်အနည်းငယ်အတွင်း ၁၀ဆကျော် တိုးလာတယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ