ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကို လုပ်ကြံဖို့ ကြံရွယ်တဲ့သတင်း ၀န်ကြီးချုပ်ရုံး ငြင်းဆို


ကိုယ်ရံတော်စောင့်တပ်ဖွဲ့ဝင်တွေက ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာစီနာကို ပြီးခဲ့တဲ့လက လုပ်ကြံသတ်ဖြတ်ဖို့ ကြံရွယ်တယ်ဆိုတဲ့ မီဒီယာသတင်းတချို့ဟာ အခြေအမြစ်လုံးဝမရှိဘူးလို့ ၀န်ကြီးချုပ်ရုံးက မနေ့က ပြောကြားလိုက်ပါတယ်။

ရှိတ်ဟာစီနာရဲ့ အထူးလုံခြုံရေးတပ်အရာရှိတွေက သြဂုတ် ၂၄ ရက်မှာ လုပ်ကြံဖို့ ကြိုးပမ်းတယ်ဆိုတဲ့ ကောလာဟလဟာ အခြေအမြစ်မရှိဘဲ တိုင်းပြည်ကို ထိခိုက်တယ်လို့ ပြန်ကြားရေးဒုဝန်ကြီးက ပြောပါတယ်။

ဒါပေမဲ့ အာဏာရ အ၀ါလီမိဂ်ပါတီ ဒုတိယခေါင်းဆောင်လည်းဖြစ်၊ သြဇာရှိတဲ့ ၀န်ကြီး တစ်ဦးလည်းဖြစ်တဲ့ Obaidul Quader ကတော့ အသေးစိတ် ထုတ်ဖော်မပြောဘဲ ၀န်ကြီးချုပ်ကို ပြည်တွင်းပြည်ပအုပ်စုတွေက လုပ်ကြံဖို့ ပူးပေါင်းကြံစည်တယ်လို့ သတင်းထောက်တွေကို မနေ့က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကို လုပ်ကြံဖို့ ကြံရွယ်တဲ့သတင်း ၀န်ကြီးချုပ်ရုံး ငြင်းဆို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကို လုပ်ကြံဖို့ ကြံရွယ်တဲ့သတင်း ၀န်ကြီးချုပ်ရုံး ငြင်းဆို Reviewed by THITHTOOLWIN on 10:33 Rating: 5
Powered by Blogger.