မြို့နယ်တရားသူကြီးတစ်ဦး မောင်းလာတဲ့ကား အမြန်လမ်းမှာ လမ်းဖြတ်ကူးသူတစ်ဦးကို တိုက်မိ


ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တံတားဦးမြို့နယ်မှာ မြို့နယ်တရားသူကြီးတစ်ဦးမောင်းနှင်လာတဲ့ ကားတစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာလ(၂၃)ရက် မနက်(၇)နာရီဝန်းကျင်က အဲဒီကားဟာ မိုင်တိုင် ၃၃၂/၀ နဲ့ ၃၃၂/၁ အကြားမှာ လမ်းဖြတ်ကူးလာတဲ့ အသက်(၇၀)အရွယ် အမျိုးသာတစ်ဦးကို တိုက်မိခဲ့တာဖြစ်ပါတယ်။


 ယာဉ်တိုက်မှုကြောင့် အဲဒီအမျိုးသားဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကားမှာလည်း မှန်ကွဲ ၊ ဘောနတ်ဖုံး ပိန်ချိုင့်ခဲ့တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စကားအင်းအမြန်လမ်းမကြီးရဲစခန်းက တက်ရောက်ခွင့်မရှိဘဲ လမ်းဖြတ်ကူးလာတဲ့ အမျိုးသားကှိုယာဉ်(ပ)၂၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ဖြိုးကိုလင်း(ညောင်ဝိုင်း)
5 PLUS NEWS
https://www.facebook.com/5plusnews
မြို့နယ်တရားသူကြီးတစ်ဦး မောင်းလာတဲ့ကား အမြန်လမ်းမှာ လမ်းဖြတ်ကူးသူတစ်ဦးကို တိုက်မိ မြို့နယ်တရားသူကြီးတစ်ဦး မောင်းလာတဲ့ကား အမြန်လမ်းမှာ လမ်းဖြတ်ကူးသူတစ်ဦးကို တိုက်မိ Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.