မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ ဆေးရုံသို့ လူသေလောင်းတစ်လောင်း ရောက်ရှိ


မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ဆေးရုံသို့ စက်တင်ဘာ ၁၀ ရက် ၊ နံနက် ၆ နာရီက လူသေလောင်း တစ်လောင်း ရောက်ရှိလာကြောင်း သိရသည်။

တောင်ပြိုလက်ဝဲမြို့ ဆေးရုံသို့ လူသေလောင်းတစ်လောင်း ရောက်ရှိလာသဖြင့် နယ်မြေရဲစခန်းမှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ တောင်ပြိုလက်ဝဲ (၁)ရပ်ကွက်နေသူ ဘတ်တာယ်(ခ) ဒီမာမောက် (၄၉)နှစ်ဖြစ်ကြောင်း သိရသည်။

၎င်းသည် သြဂုတ်လ ၂၆ ရက် ညနေ ၄ နာရီ မိနစ် ၄၀ က တောင်ပြိုလက်ဝဲမြို့ (၂)ရပ်ကွက် အတွင်း အကြမ်းဖက်သမား (၃)ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ၀င်ရောက် ရှာဖွေစဉ် ARSA အစွန်းရောက်အကြမ်းဖက်သမား ၃ ဦးက သေနတ်ဖြင့် စတင်ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းပစ်ခတ်ရာမှ သေနတ်ထိမှန်ခဲ့သော ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee
မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ ဆေးရုံသို့ လူသေလောင်းတစ်လောင်း ရောက်ရှိ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ ဆေးရုံသို့ လူသေလောင်းတစ်လောင်း ရောက်ရှိ Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.