![]() |
ဟာရီကိန်းဒဏ်ကြောင့် ရေကြီး ဆည်ပြို |
အခြေအနေက တကယ့်ကို အန္တရာယ်ကြီးလှပြီး အနားက လူတွေကို တတ်နိုင်သမျှ အမြန်ဆုံး ကယ်ထုတ်ခဲ့ရတယ်လို့ အမေရိကန် မိုးလေ၀သဌာန က ပြောပါတယ်။
အဲဒီကျွန်းရဲ့ နေရာတချို့မှာ ဆိုးဆိုးရွားရွား ရေကြီး နေပြီး မိုးရေချိန် တမီတာကျော်နိုင်တယ်လို့ ဆိုပါတယ်။
ပွာတိုရီကို ကျွန်းအနောက်မြောက်ဖက်မှာ ရှိတဲ့ guajataca ဆည်ဟာ ဂွာဂျာတာကာ မြစ်ရေလွှမ်းဒဏ်ခံရတဲ့ နေရာမှာ ရှိတာ ဖြစ်ပါတယ်။
လတ်တလော တိုက်ခတ်ခဲ့တဲ့ မာရီယာ ဟာရီကိန်း မုန်တိုင်းဟာ ပွာတိုရီကို အတွက် နှစ်ကိုးဆယ်အတွင်း အဆိုးရွားဆုံး မုန်တိုင်း ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
မာရီယာ ဟာရီကိန်းကြောင့် မိုးကြီးပြီးဆည်ကျိုး
Reviewed by THITHTOOLWIN
on
10:59
Rating:
