မိုင်းဖြတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပါဆန်း-ခတ်တန် ကျေးရွာချင်းဆက်တံတား ပြိုကျပျက်စီး


မိုင်းဖြတ် စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ်တွင် စက်တင်ဘာလ ၂၆ရက်၊ နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်း၍ ချောင်းရေတိုက်စားမှုကြောင့် ပါဆန်း-ခတ်တန် ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်နှင့် သစ်သားတံတားတစ်စင်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။


ယင်း တံတားသည် ကျေးရွာနေပြည်သူများမှ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် တည်ဆောက်ထားသည့် အရှည်ပေ (၁၀၀)ခန့်၊ အကျယ် (၁၂) ပေ၊ အမြင့် (၆)ပေခန့်ရှိ ကျေးရွာချင်းဆက် ကွန်ကရစ်နှင့် သစ်သားတံတားဖြစ်ပြီး၊ ပျက်စီးဆုံးရူံးမူတန်ဖိုးမှာ ငွေကျပ်သိန်း(၂၀)ခန့်ရှိကြောင်း သိရသည်။

အဆိုပါ ပျက်စီးသွားသည့် တံတားနေရာသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းကျောက် နှင့် ဦးအားကို ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင် တို့ ပါဝင်သော တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရူ၍ အချိန်မီ ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်
Iprd Tachileik
https://www.facebook.com/Iprd.tachileik

မိုင်းဖြတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပါဆန်း-ခတ်တန် ကျေးရွာချင်းဆက်တံတား ပြိုကျပျက်စီး မိုင်းဖြတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပါဆန်း-ခတ်တန် ကျေးရွာချင်းဆက်တံတား ပြိုကျပျက်စီး Reviewed by THITHTOOLWIN on 18:08 Rating: 5
Powered by Blogger.