လင်းခေးမြို့တွင် နေအိမ် ၂ လုံးမီးလောင်

ဓါတ်ပုံ- မီးဘေးသင့်နေသော ဦးလုံးလမ်နေအိမ်အား ရွာသားများ မီးငြိမ်းသတ်နေသည်ကိုတွေ့ရစဉ်
စက်တင်ဘာလ ၂၉ ရက် ၂၀၁၇

စက်တင်ဘာလ ၂၉ ရက်နေ့ည ၉ နာရီခန့်က သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ် ပင်ဟုန်းရပ်ကွက်တွင်နေအိမ် ၂ လုံး မီးလောင်ပြာကျကြောင်း သိရသည်။

ပင်ဝေါင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းအနီး ပင်ဟုန်း ရပ်ကွက် ဦးလုံးလမ် ဒေါ်ပါမိုင်တို့ခြံဝင်းအတွင်းရှိနေအိမ် ၂ လုံးအား မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း လင်းခေးမြို့ခံ နန်းလ ကပြောသည်။

“မီးသတ်ကားကြီး ၃-၄ စီး သွားကူငြိမ်းတယ်။ လင်းခေးမှာ အကြောက်ရ ဆုံးကမီးဘေးဘဲ။ အဲ့ကြောင့် အိမ်တိုင်းက အမျိုးသားတွေ သွားကူငြိမ်း သတ်ကြတယ်။ ၁၀ နာရီလောက်မှာ မီးညွန့်ကျိုးသွားတယ်။ ဝါယာလျှော့ လို့ပြောတယ်။ တော်သေးတယ် ဒီ ၂ ရက် ၃ ရက်အတွင်း မိုးရွာလို့လေ လင်းခေးမှာ။ သူ့အိမ်ရှေ့ကအိမ်ပါ မီးကူးရင်တော့ ပင်ဝေါင်အလကကျောင်းလဲ လွှတ်တော့မှာမဟုတ်ဘူး။ ” - ဟု နန်းလ ကပြောသည်။

ဓါတ်ပုံ- မီးဘေးသင့်နေသော ဦးလုံးလမ်နေအိမ်အား ရွာသားများ မီးငြိမ်းသတ်နေသည်ကိုတွေ့ရစဉ်
မီးလောင်မှုကြောင့် နေအိမ်နှင့်ပစ္စည်းဆုံးရှုံးမှုမှအပ လူသူထိခိုက်ဒဏ်ရာရမှုတော့မရှိကြောင်း၊ နေအိမ်မှာ ကျွန်းသစ်ကာအိမ်ဖြစ်သဖြင့် ဆုံးရှုံးမှုတန်ဖိုးအတိအကျမသိရသေးကြောင်းသိရသည်။

မီးငြိမ်းသတ်ရာတွင် ရွာသားများသာမက မြို့နယ်အာဏာပိုင် တချို့လည်း သွားရောက်ငြိမ်းသတ်ကြကြောင်း ပင်ဟုန်းရပ်ကွက်မှေ ဒသခံများ ကပြောဆိုသည်။

သို့သော် မီးလောင်မှုဖြစ်ပွါးရခြင်းအဓိကအကြောင်းအချက်ကိုမူ အတည်ပြုချက်မရသေးပေ။

တောင်ပတ်လည်ခြံရံကာ ချိုင့်ဝှမ်းသဏ္ဍာန်ရှိ လင်းခေးမြို့တည်နေရာသည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၉၉၇ ပေသာရှိသဖြင့် ပူပြင်းသော ရာသီဥတုရှိရာ မီးဘေးမကြာခနသင့်သဖြင့် ဒေသခံများအထူးဂရုပြု နေထိုင်ကြရပါသည်။

၁၉၉၅ ခုနှစ်ကလည်း လင်းခေးမြို့မ အနောက်တရပ်ကွက်လုံး၊ မြို့မအရှေ့ တဝက်ခန့် နှင့်ပင်ဟုန်းရပ်ကွက်နေအိမ်အချို့ မီးလောင် ကျွမ်းပြာကျ မှုဖြစ်ပွါးခဲ့ဖူးသည်။

ပြီးခဲ့သည့်နှစ် ဂျူလိုင်လကလည်း မြို့လယ်ရှိ မဟာဝိဟာရ ပရိယတ္တိ စာသင်တိုက်ကြီးလည်း ဝါယာလျှော့ဖြစ်၍မီးလောင်ရာ ကျောင်းတိုက်ကြီးပြာကျသွားခဲ့သည်။

သျှမ်းသံတော်ဆင့်- ဟွမ်ဟိန်း
https://www.facebook.com/Panglong.burmese/
လင်းခေးမြို့တွင် နေအိမ် ၂ လုံးမီးလောင် လင်းခေးမြို့တွင် နေအိမ် ၂ လုံးမီးလောင် Reviewed by THITHTOOLWIN on 04:00 Rating: 5
Powered by Blogger.