![]() |
အင်းစိန်တရားရုံးမှာ စက်တင်ဘာလ ၂၉ ရက်နေ့က လာရောက်သက်သေထွက်ဆိုတဲ့ ဦးအောင်စိုး ကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA |
အောင်ဝင်းဇော် က သူ့ကို လူသတ်ဖို့ကိစ္စ လာရောက်ပြောဆိုရာမှာ စရံငွေပေးဖို့အတွက် ပိုက်ဆံပါ ယူဆောင်လာ တာဖြစ်ပြီး သတ်ပြီးသွားရင်လည်း ထပ်ပြီးပေးဖို့ ပြောဆိုခဲ့တာတွေကို ဒီကနေ့ တရားရုံးမှာ သက်သေထွက်ဆိုခဲ့ တယ်လို့ ဦးအောင်စိုးက ပြောပါတယ်။
ဦးအောင်စိုးဟာ ဦးကိုနီ အသတ်ခံရပြီး မကြာခင်အချိန်မှာလည်း သူ့ကို အောင်ဝင်းဇော်က လူသတ်ပေးဖို့ လာရောက်ကမ်းလှမ်းတဲ့အကြောင်း မီဒီယာတွေကို ဖွင့်ပြောခဲ့သူဖြစ်ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ ၂၆ ကြိမ်မြောက် ရုံးချိန်းမှာ ဦးအောင်စိုးအပါအ၀င် သက်သေ ၄ ယောက်ကို အင်းစိန်တရားရုံးမှာ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ဦးအောင်စိုးရဲ့ ဒီကနေ့ ထွက်ဆိုချက်တွေအရ အမှုဟာ ပိုမိုလေးနက်လာတယ်လို့လည်း တရားလိုရှေ့နေတွေက မှတ်ချက်ပြု ပြောကြပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်နဝါရီလ ၂၉ ရက်နေ့က ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။ သူရဲ့အမှုနဲ့ပက်သက်ပြီး သက်သေ အယောက် ၈၀ ကျော်ကို စစ်ဆေး ရမှာဖြစ်ပြီး အခုဆိုရင် အယောက် ၄၀ ကျော် စစ်ဆေးပြီးဖြစ်ပါတယ်။
နောက်လာမယ့် ရုံးချိန်းကိုတော့ အောက်တိုဘာ ၁၃ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဦးကိုနီ အမှုအတွက် အင်းစိန်အောင်စိုး သက်သေထွက်ဆို
Reviewed by THITHTOOLWIN
on
18:22
Rating:
