![]() |
အပျက်အစီးပုံအောက် ပိတ်မိသူတွေကို ရှာဖွေ |
ရာနဲ့ချီတဲ့ လူမှုကူညီရေး သမားတွေက ပြိုကျ ပျက်ဆီးနေတဲ့ အဆောက်အအုံတွေကြား အသက်မသေဘဲ ကျန်ရစ်သူတွေကို လိုက်လံ ရှာဖွေကာ အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်နေပါတယ်။
ရစ်ချတာစကေး ၇.၁ မဂ္ဂနီကျူဒ် ပြင်းအားရှိတဲ့ ငလျင်ဒဏ်ကြောင့် မက္ကဆီကို မြို့တော်မှာ အဆောက်အအုံ နှစ်ဆယ်ကျော် ပြိုကျ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
အဆောက်အအုံထဲက မီးလောင်နေတဲ့ ထိခိုက်ပျက်စီးမှုတွေကြား ပိတ်မိနေသူ တော်တော်များများ ရှိတယ်လို့ မြို့တော်ဝန် က ပြောပါတယ်။
အနီးက Morelos နဲ့ Puebla ပြည်နယ်တွေက မြို့တွေမှာ ပျက်စီး ထိခိုက်မှု အတော်များများ ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
BBC Burmese
http://www.bbc.com/burmese
မက္ကဆီကို ငလျင်ကြောင့် သေဆုံးသူ တရာကျော်ပြီ
Reviewed by THITHTOOLWIN
on
09:27
Rating:
