ပေါက်မြို့နယ်၊ လက်ပံတိုလက်ယက်ရေနံတွင်းတိမ် မီးလောင်မှုဖြစ်ပွား


ပခုက္ကူ စက်တင်ဘာ ၂၅

ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သရက်ကန်အုပ်စု၊ လက်ပံတို ရေနံမှော်လက်ယက်တွင်း တစ်တွင်း စက်တင်ဘာ ၂၅ ရက် ၈နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားသည်။

မီးလောင်မှုကြောင့် လူငါးဦး ထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦးမှာ စိုးရိမ်ရကြောင်း၊ ထိခိုက်လူနာများအား ပခုက္ကူ ပြည်သူ့ဆေးရုံသို့ တင်ပို့ထားကြောင်း ကနဦးသတင်းရရှိသည်။


မီးလောင်ရာသို့ ပခုက္ကူခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်နိုင်၊ ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ပေါက်မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မီးသတ်ကားများ သွားရောက်ငြိမ်းသတ်လျက်ရှိကြောင်း ကနဦးသတင်းအရသိရသည်။ အဆိုပါ လက်ယက်တွင်း ရေနံတူးဖော်မှုမှာ ဒေသခံပြည်သူများ ၎င်းတို့အစီအစဉ်ဖြင့်သာ တူးဖော်နေခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပေါက်မြို့နယ်၊ လက်ပံတိုလက်ယက်ရေနံတွင်းတိမ် မီးလောင်မှုဖြစ်ပွား ပေါက်မြို့နယ်၊ လက်ပံတိုလက်ယက်ရေနံတွင်းတိမ် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:19 Rating: 5
Powered by Blogger.