အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် တွင် ရဲတပ်ဖွဲ့ ကားတစ်စင်း အား ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံး ခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိ

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် တွင် စက်တင်ဘာ ၂၄ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် ဗုံးခွဲ တိုက်ခိုက်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
    ကဘူးလ် ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

    အာဖဂန်နစ္စတန် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က စက်တင်ဘာ ၂၈ ရက်နေ့ ညပိုင်း တွင် မြို့တော် ကဘူးလ် ၌ ညပိုင်းအချိန်တွင် ရဲတပ်ဖွဲ့ ကားတစ်စင်း မှ ဗုံးခွဲ တိုက်ခိုက်မှု ခံခဲ့ရသဖြင့် ၃ ဦး သေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုပြောကြား ခဲ့သည်။

ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ညပိုင်း ၆ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွား ခဲ့ပြီး ရဲတပ်ဖွဲ့ ၏ ကားတစ်စင်း မှာ ဗုံးတပ်ဆင်ခြင်း ခံခဲ့ရကြောင်း ၊ ရဲတပ်ဖွဲ့ ၏ ကား မှာ လူစည်ကားရာ နေရာသို့ရောက်ရှိချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး နှင့် အရပ်သား တစ်ဦး သေဆုံးခဲ့ရကြောင်း ၊ ထို့ပြင် ပေါက်ကွဲမှု ကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး နှင့် အရပ်သား ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ရဲကား မှာလည်း လုံးဝ ပျက်ဆီး သွား ခဲ့ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး နှင့် နေတိုးတပ်ဖွဲ့ အတွင်းရေးမှူးချုပ် တို့မှ အာဖဂန်နစ္စတန် နိုင်ငံ သို့ သွားရောက်စဉ် အတွင်း စက်တင်ဘာ ၂၇ ရက်နေ့၌ ကဘူးလ် အပြည်ပြည်ဆိုင်ရာ လေဆိပ် ထွက်ပေါက် အနီးတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီး ၁ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်း တိုက်ခိုက်မှု ကို အာဖဂန်နစ္စတန် နိုင်ငံ တာလီဘန် လက်နက်ကိုင် အဖွဲ့အစည်း နှင့် IS အစွန်းရောက် အဖွဲ့အစည်း တို့မှ ဆောင်ရွက်ခဲ့ကြောင်း ကြေညာခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု နှင့် ပတ်သက်၍ လက်ရှိချိန်တွင် မည်သည့် အဖွဲ့အစည်း မှ ဆောင်ရွက်ကြောင်း ကြေညာခြင်း မရှိခဲ့ပေ။

(Xinhua)
http://www.xinhuamyanmar.com
အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် တွင် ရဲတပ်ဖွဲ့ ကားတစ်စင်း အား ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံး ခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိ အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် တွင် ရဲတပ်ဖွဲ့ ကားတစ်စင်း အား ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံး ခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 11:18 Rating: 5
Powered by Blogger.