ဘဏ္ဍာနှစ်ကာလ သတ်မှတ်ချက် ပြောင်းမည်

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့် ကို တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA
အစိုးရရဲ့ လုပ်ငန်းတွေပိုပြီးတွင်ကျယ်စေဖို့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာနှစ် သတ်မှတ်ချက်ကို ပြောင်းလဲသတ်မှတ်ဖို့ စီစဉ်နေတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့်က ပြောပါတယ်။

နှစ်စဉ် ဘဏ္ဍာနှစ်အစကို အောက်တိုဘာလ ၁ ရက်နဲ့ အဆုံးကို စက်တင်ဘာလ ၃၁ ရက်အဖြစ် ပြောင်းလဲ သတ်မှတ်ဖို့ စီစဉ်နေတယ်လို့ နေပြည်တော်မှာရှိတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရုံးမှာ ဒီကနေ့ကျင်းပတဲ့ ညှိနှိုင်းအစည်းအဝေးအပြီးမှာ ဦးမောင်တင့် က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့ တည်ဆောက်ရေး၊ စီပွားရေးပုံသဏ္ဍန်တွေ ပြောင်းလဲတာ၊ သီးနှံစိုက်ပျိုးမှုပုံစံတွေ ပြောင်းလဲ တာတဲ့အတွက်လည်း အခုလိုပြောင်းလဲဖို့ စီမံနေတာဆိုပေမယ့် ဘယ်နှစ်မှာ ပြောင်းလဲမယ်ဆိုတာ မပြောကြား ခဲ့ပါဘူး။

အစိုးရအဖွဲ့အနေနဲ့ နှစ်စဉ် အမျိုးသားစီမံကိန်းဥပဒေ၊ နှစ်စဉ်ရသုံးမှန်ခြေဥပဒေနဲ့ အခွန်အကောက် ဥပဒေတွေကို လွှတ်တော်မှာ အတည်ပြုချက်ရယူရတာဖြစ်တဲ့အတွက် အခုဘဏ္ဍာနှစ်ကာလ သတ်မှတ်ချက်ပြောင်းဖို့ကိုလည်း လွှတ်တော်ရဲ့ အတည်ပြုချက်ရယူရဦးမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဘဏ္ဍာနှစ်ကာလ သတ်မှတ်ချက် ပြောင်းမည် ဘဏ္ဍာနှစ်ကာလ သတ်မှတ်ချက် ပြောင်းမည် Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.