ရဲဝန်ထမ်းမိသားစုများ ဆိုင်ကယ်ဦးထုပ်မဆောင်း၍ မုံရွာရဲစခန်းအပေါက်ဝတွင် ဖမ်းဆီးရေးလုပ်


မုံရွာ၊ စက်တင်ဘာ ၁၅။

ယာဉ်ထိန်းရဲနှင့် ရဲတပ်ဖွဲ့မိသားစုများ ယာဉ်စည်းကမ်း ပိုမို လိုက်နာစေရေး မုံရွာရဲစခန်းဝင်ပေါက်တွင် ယာဉ်စည်းကမ်း စစ်ဆေးမှုအား ရှောင်တခင် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

၎င်းရုံအတွင်း အမှတ် ၁၇ ယာဉ်ထိန်း ရဲ ဒုတပ်ဖွဲ့ခွဲ(စစ်ကိုင်း)ရုံး၊ အမှတ် ၁၁၁ မုံရွာယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာမြို့မရဲစခန်း တို့တည်ရှိပြီး တိုင်း၊ခရိုင်၊မြို့နယ်မှ ရဲဝန်ထမ်းမိသားစု လိုင်းခန်းများ တည်ရှိသည်။

"ဌာန၀င်ပေါက်မှာ ရုံးအသီးသီးကို လာတဲ့ဧည့်သည်တွေ ဆိုင်ကယ်စီးလာရင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်း၊မဆောင်း စစ်တဲ့ ဂိတ်စောင့်ရှိတယ်၊ မဆောင်းရင် မေးသိုင်းကြိုးမတပ်ရင် ဆင်းတွန်းလုပ်ခိုင်းတာ၊ ၀န်ထမ်းမိသားစုတွေက လိုက်နာမှုမရှိလို့ စခန်းပေါက်ကို စပရိုတ်ချက် စစ်တာ၊ နှစ်ရက်ရှိပြီ"ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယာဉ်စည်းကမ်းမလိုက်နာ၍ ဖမ်းဆီးရမိသော ၀န်ထမ်းမိသားစု ဆိုင်ကယ်များ၊ အရပ်သားများ၏ ဆိုင်ကယ်များကို မြို့နယ်တရားရုးံသော ဥပဒေနှင့်အညီ တရားစွဲဆိုကာ သတ်မှတ်ဒဏ်ကြေးပေးဆောင်စေပြီးမှ ယာဉ်ပြန်ထုတ်ပေးကြောင်း သတင်းရရှိသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
ရဲဝန်ထမ်းမိသားစုများ ဆိုင်ကယ်ဦးထုပ်မဆောင်း၍ မုံရွာရဲစခန်းအပေါက်ဝတွင် ဖမ်းဆီးရေးလုပ် ရဲဝန်ထမ်းမိသားစုများ ဆိုင်ကယ်ဦးထုပ်မဆောင်း၍ မုံရွာရဲစခန်းအပေါက်ဝတွင် ဖမ်းဆီးရေးလုပ် Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.