ဗြိတိန်နိုင်ငံတွင် သင်တန်းတက်ရောက်နေသည့် တပ်မတော်သင်တန်းသား အရာရှိများအား ပြန်လည်စေလွှတ် ခြင်းအပေါ်သဘောထားထုတ်ပြန်ချက်


နေပြည်တော်၊ စက်တင်ဘာ - ၂၀

ယနေ့ပါတီစုံဒီမိုကရေစီခေတ်ကာလတွင် တပ်မတော်အနေဖြင့် အိမ်နီချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံ များသာမက နိုင်ငံတကာတပ်မတော်များနှင့်ပါ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် တစ်စိုက် မတ်မတ် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။

မြန်မာ-ဗြိတိန် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားတွင်လည်း ဆက်ဆံရေးနှင့်ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး လုပ်ဆောင်ခဲ့ရာ မြန်မာ့တပ်မတော်မှသင်တန်းသားအရာရှိ ၅ ဦး ဗြိတိန်နိုင်ငံတွင်သင်တန်းများ တက်ရောက် လျက်ရှိပါသည်။

သို့သော်လည်းမြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ဗြိတိန်ပါလီမန် အမတ်များက ဗြိတိန်နိုင်ငံတွင် သင်တန်းတက်ရောက်နေသော မြန်မာ့တပ်မတော်သင်တန်းသား များအား သင်တန်းဆိုင်းငံ့ပေးရန်တောင်းဆိုမှုအရ အဆိုပါသင်တန်းသားအရာရှိများအား မြန်မာနိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့ရာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် လန်ဒန်မြို့ရှိ မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ)ရုံး၌ သင်တန်းသားအားလုံး စုစည်းရောက်ရှိခဲ့ကြောင်းသိရှိရသည်။

တပ်မတော်အနေဖြင့် ယင်းသင်တန်းသားများအား မြန်မာနိုင်ငံသို့ အမြန်ပြန်လည်ခေါ်ယူသွားမည်ဖြစ်ပြီး ယခင်ကကမ်းလှမ်းသဘောတူညီထားသည့် သင်တန်းသားများအပါအ၀င် ဗြိတိန်နိုင်ငံသို့ သင်တန်းသားများ ထပ်မံစေလွှတ်မည်မဟုတ် ကြောင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
တပ်မတော်သတင်းစဉ်
https://www.facebook.com/mmdefencenews
ဗြိတိန်နိုင်ငံတွင် သင်တန်းတက်ရောက်နေသည့် တပ်မတော်သင်တန်းသား အရာရှိများအား ပြန်လည်စေလွှတ် ခြင်းအပေါ်သဘောထားထုတ်ပြန်ချက် ဗြိတိန်နိုင်ငံတွင် သင်တန်းတက်ရောက်နေသည့် တပ်မတော်သင်တန်းသား အရာရှိများအား ပြန်လည်စေလွှတ် ခြင်းအပေါ်သဘောထားထုတ်ပြန်ချက် Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.