ချယ်ရီရတနာ ခရီးသည် တင်ယာဉ် ထနောင်းပင် တိုက်မိ (၇)ဦးဒဏ်ရာရ


နေပြည်တော်၊ စက်တင်ဘာ ၁၀

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၃ နာရီ ၃၅ မိနစ်အချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခင်ဦးမြို့၊ အင်းပတ်ကွေ့အနီး ခင်ဦး-ရေဦးကားလမ်း၊ မိုင်တိုင်အမှတ်(၂/၃)တွင် အရှိန်မထိန်းနိုင်သည့်ယာဉ် လမ်းဘေးသစ်ပင်အား တိုက်မိသဖြင့် (၇)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းအရ ညောင်ပင်ကြီးစုရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရေဦးဘက်မှ ကလေးမြို့၊ ညောင်ပင်သာ ရပ်ကွက်နေ အောင်စိုး(၄၅)နှစ်မောင်းနှင်လာသော 6E/×××× HIACE ချယ်ရီရတနာ ခရီးသည် တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ထနောင်းပင်အား တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။

 ယာဉ်မောင်း အောင်စိုးနှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ကလေးမြို့၊ စမ်းမြို့ရပ်ကွက်နေ ကိုတင်လင်း(၃၂)နှစ်ပါ (၆)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ယာဉ်မောင်း အောင်စိုး အား ခင်ဦးမြို့မ ရဲစခန်းယာဉ်(ပ)၃၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ချယ်ရီရတနာ ခရီးသည် တင်ယာဉ် ထနောင်းပင် တိုက်မိ (၇)ဦးဒဏ်ရာရ ချယ်ရီရတနာ ခရီးသည် တင်ယာဉ် ထနောင်းပင် တိုက်မိ (၇)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 18:38 Rating: 5
Powered by Blogger.