ARSA အကြမ်းဖက်အဖွဲ့သည် ဘုံရန်သူဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကြေညာ


Lashkar-e-Taiba (လက်ရှ်ကာအီးတေဘာ)အဖွဲ့လို ဘင်္ဂါလီဂျီဟတ်အဖွဲ့တွေက ကျောထောက် နောက်ခံ ပေးထားတဲ့ARSA အကြမ်းဖက်တွေဟာ မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ဘုံရန်သူဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Sheikh Hasina(ရှိတ်ခ်ဟာဆီနာ)ရဲ့ နိုင်ငံရေး အကြံပေး Hossain Toufique Imam (ဟော့ဆင်တော့ဖီအီမမ်)က စက်တင်ဘာ(၂၁)ရက်ကပြောကြားလိုက်ကြောင်း ဒါကာထရီဗျူး(DhakaTribune)ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။

 အကြမ်းဖက်မှုပြဿနာကိုအသုံးချပြီး မြန်မာနိုင်ငံနဲ့နယ်စပ်တစ်လျှောက်မှာ လူမျိုးရေးပဋိပက္ခတွေဖြစ်ပေါ် လာအောင် ပါကစ္စတန်စပိုင်အေဂျင်စီ ISI က ဖန်တီး လုပ်ဆောင်နေတယ်ဆိုတာကိုထောက်လှမ်းရေးသတင်းတွေက ထုတ်ဖော်ပြသနေတယ်လို့ ဟော့ဆင်တော့ဖီအီမမ်ကပြောပါတယ်။
 “ဘင်္ဂလားဒေ့ရှ်က အကြမ်းဖက်မှုကို လုံးဝသည်းခံမှာမဟုတ်ပါဘူး။ ၀န်ကြီးချုပ်ရှိတ်ခ်ဟာဆီနာရဲ့ အစိုးရကအိန္ဒိယအရှေ့မြောက်ပိုင်း ကသူပုန်အဖွဲ့တွေအားလုံးကိုရှင်းလင်းဖြိုခွဲသုတ်သင်ခဲ့ပါတယ်။ အဲဒီသူပုန်အဖွဲ့ တွေကအရင်အစိုးရတွေရဲ့လက်ထက်အတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြသူတွေ ဖြစ်ပါတယ်။ ARSA နဲ့ တစ်ခြားဘင်္ဂါလီအဖွဲ့တွေကိုလည်း အလားတူရှင်းလင်းဖြိုခွဲမှာဖြစ် တယ်လို့” ဟော့ဆင်တော့ဖီအီမမ်ကအိန္ဒိယသတင်းအေဂျင်စီ IANS နဲ့ အင်တာဗျုးတစ်ခုမှာပြောကြားခဲ့ပါတယ်။

 ဟော့ဆင်တော့ ဖီအီမမ်ရဲ့ ပြောကြား ချက်အရ အရင်က Harakah al-Yaqeen (ဟာရာကာအယ်လ်ယာ ကင်း)လို့ခေါ်တဲ့ ARSA အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Jamaat-ul-Mujahideen Bangladesh (ဂျမားအယ်လ်မူဂျာဟီဒင်ဘင်္ဂလားဒေ့ရှ်) အဖွဲ့နဲ့ ပါကစ္စတန်နိုင်ငံက Lashkar-e-Taiba (လက်ရှ်ကာအီး တေဘာ) အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ “ပါကစ္စတန်စပိုင်အေဂျင်စီ ISI က ဘင်္ဂါလီခွဲထွက်ရေးကို (၁၉၆၉) ခုနှစ် ကတည်းက နောက်ကွယ်ကပံ့ပိုးပေးလာခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ပါကစ္စတန်မှာ အစိုးရ ၀န်ထမ်းအဖြစ်အမှုထမ်းခဲ့ပြီး စစ်တကောင်းမြို့နဲ့အနီးအနားမှာ ရှိတဲ့ တောင်တန်းတွေပေါ်မှာ တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ သူတို့က အခုတစ်ခါ အလားတူ လှည့်ကွက်တွေကို အသုံးပြုပြီး တောင်နဲ့အရှေ့တောင်အာရှကြား မဟာဗျုဟာကျတဲ့ဒေသမှာ သပ်လျိုသွေးခွဲပြီး ဂျီဟတ် ပြဇာတ် အသစ်တစ်ပုဒ်ကို ဖန်းတီးလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါမှမြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက်မှာ ပဋိပက္ခဖန်တီးပေးပြီး ၀န်ကြီးချုပ် ဟာဆီနာအစိုးရမတည်မငြိမ်ဖြစ်စေမှာဖြစ်တယ်လို့ ဟော့ဆင်တော့ဖီအီမမ်ကဆိုပါတယ်။

 ပါကစ္စတန်စပိုင်အေဂျင်စီရဲ့အမိန့်နဲ့ လုပ်ဆောင်နေတဲ့ ဘင်္ဂါလီဂျီ ဟတ်အဖွဲ့တွေကိုပူးပေါင်းစစ်ဆင်ရေးပြု လုပ်ဖို့ ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံကိုကမ်းလှမ်းထားတယ်လို့သိရပါတယ်။ ဒီသတင်းကို Central News Bureau နိုင်ငံတကာသတင်းဌာန က ကျော်ဆုဝေ ပေးပို့ထားတာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ARSA အကြမ်းဖက်အဖွဲ့သည် ဘုံရန်သူဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကြေညာ ARSA အကြမ်းဖက်အဖွဲ့သည် ဘုံရန်သူဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကြေညာ Reviewed by THITHTOOLWIN on 17:18 Rating: 5
Powered by Blogger.