ARSA အစွန်းရောက်အကြမ်းဖက်သမားများ အသုံးပြုသည့် လက်လုပ်သေနတ်နှင့် မိုင်းများ တွေ့ရှိ ၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ၂၆ မှ ၃၅ အကြား ယာယီတဲများဖြင့် သွားရောက်နေထိုင်သူ သုံးသောင်းကျော် ရှိကြောင်းသိရ


စက်တင်ဘာ ၇ ၊၂၀၁၇

မောင်တောမြို့နယ် ၊ မောင်နှမကျေးရွာအုပ်စု ၊ အောင်မင်္ဂလာကျေးရွာနေ ဦးထွန်းအေးမောင်နှင့် ရွာသား ၃ ဦးသည် မောင်နှမ (အလယ်ရွာ)ရွာ ကြံခင်းထဲမှ ဖြတ်သန်းသွားစဉ် လုပ်သေနတ် ၁ လက်နှင့် မိုင်း ၃ လုံးအား တွေ့ရှိသဖြင့် အောင်မင်္ဂလာကင်းစခန်းသို့ စက်တင်ဘာလ ၆ ရက် မွန်းလွဲ ၃ နာရီတွင် သွားရောက်သတင်းပို့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် ၂၀၁၇ ခုနှစ် ၊ သြဂုတ် ၂၅ ရက်နေ့မှ စက်တင်ဘာ ၄ ရက် အတွင်း ရခိုင်ပြည်နယ် မြောက်ခြမ်းရှိ နယ်ခြားစောင့်ရဲစခန်းများအား ၀င်ရောက်တိုက်ခိုက်ခဲ့သည့် အတွက် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့၊ ကွမ်းသီးပင်၊ သဲချောင်း၊ မီးတိုက်ကျေးရွာအုပ်စုများနှင့် တောင်ပြိုလက်ဝဲမြို့ပေါ် ရပ်ကွက် ၅ ရပ်ကွက် တို့ရှိ ဒေသနေထိုင်သူများမှာ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ၃၁ မှ ၃၂ အကြား အနီးတွင် လူဦးရေ(၁၂၀၀)ခန့်၊ နယ်စပ်မှတ်တိုင် ၃၂ မှ ၃၃ အကြား အနီးတွင် လူဦးရေ(၁၁၀၀၀)ခန့်၊ နယ်စပ်မှတ်တိုင် ၃၄ မှ ၃၅ အကြား အနီးတွင် လူဦးရေ(၁၈၀၀၀)ခန့် ယာယီတဲများဖြင့် တရားမ၀င်သွားရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee/
ARSA အစွန်းရောက်အကြမ်းဖက်သမားများ အသုံးပြုသည့် လက်လုပ်သေနတ်နှင့် မိုင်းများ တွေ့ရှိ ၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ၂၆ မှ ၃၅ အကြား ယာယီတဲများဖြင့် သွားရောက်နေထိုင်သူ သုံးသောင်းကျော် ရှိကြောင်းသိရ ARSA အစွန်းရောက်အကြမ်းဖက်သမားများ အသုံးပြုသည့် လက်လုပ်သေနတ်နှင့် မိုင်းများ တွေ့ရှိ ၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ၂၆ မှ ၃၅ အကြား ယာယီတဲများဖြင့် သွားရောက်နေထိုင်သူ သုံးသောင်းကျော် ရှိကြောင်းသိရ Reviewed by THITHTOOLWIN on 18:28 Rating: 5
Powered by Blogger.