မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာအတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမား ၆ ဦးအား ၀ိုင်းဝန်းဖမ်းဆီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ


နေပြည်တော်၊ စက်တင်ဘာ - ၁၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာသို့ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၆ ဦးသည် စက်တင်ဘာလ ၁၁ ရက်နေ့ ယနေ့နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ဓား၊ လေးခွများ ကိုင်ဆောင်၍ ကျေးရွာအတွင်းသို့ ၀င်ရောက်လာပြီး ၎င်းကျေးရွာနေ နူရ်ဟာဆောင်၏ သားဖြစ်သူ အာလီခါန် အသက် ၂၄ နှစ်အား ဖမ်းဆီး ခေါ်ဆောင်သဖြင့် ကျေးရွာအတွင်းနေထိုင်လျက်ရှိသော ဘင်္ဂါလီအချင်းချင်းမှ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများအား လက်ခံမှုမရှိဘဲ ၀ိုင်းဝန်းဖမ်းဆီးခဲ့သည်။


အဆိုပါဖမ်းဆီးရမိ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၆ ဦးမှာ ရသေ့တောင်မြို့နယ်၊ နီးလင်းဘော်ကျေးရွာနေ မော်ဂိုလာမောက်(ဘ)ကာဆိမ်း၊ အောက်နန်းရာကျေးရွာနေ ဟူဆောန်းအာမတ် (ဘ) မော်တူရာမာန်၊ ဘလာမီကျေးရွာနေ ဆော်ယော့ဒူလ္လာ(ဘ)အီမန်ဟူးဆောင်း၊ ပေါက်ပင်ရင်းကျေးရွာနေ ကေပါ ယာဒ်အူလ္လာ (ဘ) ရာမောက်တူလာ၊ နီလင်းဘော်ကျေးရွာနေ ဘော်ရှီးအူလ္လာ(ဘ)နိုမာမတ်နှင့် နီလင်း ဘော်ကျေးရွာနေ အတာဟူရာမန် (ဘ)အာတာအူလ္လာတို့ဖြစ်ပြီး ၎င်းတို့အား ဓား ၄ ချောင်း၊ လေးခွ ၁ လက်တို့ နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းဖမ်းဆီးရမိ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများအား နယ်မြေရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာအတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမား ၆ ဦးအား ၀ိုင်းဝန်းဖမ်းဆီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာအတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမား ၆ ဦးအား ၀ိုင်းဝန်းဖမ်းဆီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.