ARSA အစွန်းရောက် အကြမ်းဖက်သမားများ ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီး၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအား တိုက်ခိုက်


စက်တင်ဘာ ၅၊ ၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် မောင်တော မြို့နယ် တောင်ပိုင်း ဒုချီးရားတန်း (အရှေ့) ကျေးရွာသို့ ရောက်ရှိစဉ် ARSA အစွန်းရောက် အကြမ်းဖက်သမား ၂၀ ခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ ကျေးရွာရှိ နေအိမ်များ အား မီးရှို့ထွက်ပြေးသွားခဲ့ ကြောင်း ၊ ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် တပ်မတော်အား ကျေးရွာသား များက အထင်အမြင် လွဲမှားစေရန် ရည်ရွယ်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးသွား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ(၅)ရက် နံနက်(၉)နာရီကျော်တွင် မောင်တောမြို့နယ်၊ ရေမျက်တောင်ကျေးရွာသို့ သွားရောက်ခဲ့ရာ ARSA အစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ခဲ့သဖြင့် နေအိမ်(၁၀၀)ကျော် မီးလောင်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။


ထို့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နံနက် (၁၀)နာရီခွဲတွင် မောင်တောမြို့နယ်၊ ဂျင်းတောကျေးရွာသို့ သွားရောက်စဉ် ARSA အစွန်းရောက် အကြမ်းဖက်သမား(၁၀)ဦးက လုပ်သေနတ်၊ တုတ်၊ ဓားး၊ ဂျင်ကလိတို့ဖြင့် တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားအလောင်း (၁)လောင်းနှင့် လုပ်သေနတ်(၁)လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee
ARSA အစွန်းရောက် အကြမ်းဖက်သမားများ ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီး၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအား တိုက်ခိုက် ARSA အစွန်းရောက် အကြမ်းဖက်သမားများ ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီး၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအား တိုက်ခိုက် Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.