မေယုတောင်ခြေ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများ သိုဝှက်ထားသည့် လက်လုပ်မိုင်းများ တွေ့ရှိသိမ်းဆည်းရမိ

ရသေ့တောင်မြို့နယ်၊ မြစ်နားကျေးရွာအနီးရှိ မေယုတောင်ခြေ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများ သိုဝှက်ထားသည့် လက်လုပ်မိုင်းများ တွေ့ရှိသိမ်းဆည်းရမိ
နေပြည်တော်၊ စက်တင်ဘာ - ၂၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင် ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၃ ရက်နေ့ ယနေ့မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် မြစ်နားကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာ၌ ကောက်ရိုး နှင့်ပလတ်စတစ်များဖြင့် ဖုံးအုပ်ထားသည့် မြေကျင်း အတွင်းမှ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသည့် အလျား ၉ လက်မ၊ အချင်း ၄ လက်မခွဲရှိ ကားပစ်စတင်ဖြင့်ပြုလုပ်ထားသော လက်လုပ် မိုင်း ၂ လုံးနှင့် အလျား ၉ လက်မ၊ အချင်း ၄ လက်မခန့်ရှိ သံပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၅ လုံး၊ စုစုပေါင်း လက်လုပ်မိုင်း ၇ လုံးတို့ကို တူးဖော်တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။


အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
မေယုတောင်ခြေ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများ သိုဝှက်ထားသည့် လက်လုပ်မိုင်းများ တွေ့ရှိသိမ်းဆည်းရမိ  မေယုတောင်ခြေ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများ သိုဝှက်ထားသည့် လက်လုပ်မိုင်းများ တွေ့ရှိသိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.