အင်းစိန်မြို့နယ်၊ AIRPORT INN တွင် မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းမိ

အင်းစိန်မြို့နယ်၊ AIRPORT INN တွင်တည်းခိုနေထိုင်သူ အမျိုးသား တစ်ဦးထံမှ မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်ခဲယမ်းများ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် အမှုဖွင့်အရေးယူ
ရန်ကုန်၊ စက်တင်ဘာ ၂၂

စက်တင်ဘာ ၂၁ ရက်နေ့ ည ၁၀ နာရီအချိန်တွင် အမှတ်(၄၁)မူးယစ် ရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များနှင့် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ လေဆိပ်ရိပ်သာလမ်းသွယ်(၁)လမ်း၊ AIRPORT INN ရှိ အခန်းအမှတ် (B-6) သို့ ၀င်ရောက်ရှာဖွေရာ ၎င်းအခန်းတွင် တည်းခိုနေထိုင်သူ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်၊ လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေးတာဝန်ခံ PNLO မှ ခွန်မင်းဦး(ခ)ခွန်လင်းဦး၊ (၄၃)နှစ်အား အခန်းအတွင်း၌ အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ အခန်းအတွင်းရှိ စားပွဲအံဆွဲ အတွင်းမှ EAGLE EYES စာတန်းပါ အနက်ရောင်ဘူးအတွင်း ပလတ်စတစ်အကြည်ကပ်ခွာအိတ်ဖြင့် ထည့်လျက် ICE ဟု ယူဆရသော
အဖြူရောင်အမှုန့် အလေးချိန် ၈ ဂရမ်ခန့်ပါတစ်ထုပ် တန်းဖိုးငွေကျပ် ၆၄၀၀၀၀ ၊ ပလတ်စတစ် အကြည်ကပ်ခွာအိတ်ဖြင့် ထည့်ထားသော ကတ်တမင်းဟု ယူဆရသော အဖြူရောင်အမှုန့် အလေးချိန် ၀.၁ ဂရမ်ခန့်ပါ တစ်ထုပ်၊ အပြာရောင်ပလတ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့်
WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြားတစ်ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ခုတင်ခေါင်းအုံး အောက်မှ ၉x၁၉ FSL726 GLOCK MADE IN AUSTILA စာတန်းပါ ပစ္စတိုသေနတ် တစ်လက်နှင့် ၎င်းကျည် အိမ်တစ်ခုနှင့် ကျည် ၇ တောင့်၊ ခုတင်ခြေရင်းရှိ စားပွဲအံဆွဲအတွင်းမှ လက်ပစ်ဗုံးတစ်လုံး၊ဆင်းကဒ်ပါ NERO အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊ ဟိုတယ်ရှေ့တွင် ရပ်ထားသည့် ၎င်းပိုင် မာစီးဒီ အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် နိုင်ငံသားစိစစ်ရေးကတ် မိတ္တူတစ်ခုတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။

ယင်းသို့ ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ခွန်မင်းဦး(ခ)ခွန်လင်းဦးအား အင်းစိန်မြို့မရဲစခန်း မယ(ပ) ၆၇/ ၂၀၁၇၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၂ (ခ) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/
အင်းစိန်မြို့နယ်၊ AIRPORT INN တွင် မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းမိ အင်းစိန်မြို့နယ်၊ AIRPORT INN တွင် မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းမိ Reviewed by THITHTOOLWIN on 14:33 Rating: 5
Powered by Blogger.