လှိုင်သာယာမီးခွက်ဈေးမှတ်တိုင်တွင် YBSယာဉ်မောင်းအား ခြိမ်းခြောက်ငွေတောင်းသူများကိုဖမ်းမိ


လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးမှတ်တိုင်မှာ သြဂုတ်လ(၂၃)ရက် ညနေ(၆)နာရီခန့်က YBS 20 ဝါးရင်းတုတ်ကိုင်ဆောင်ကာ ခရီးသည်တင်ယာဉ်ပေါ်ကိုတက်ပြီး ယာဉ်မောင်းကို ခြိမ်းခြောက် ငွေတောင်းယူတဲ့ အမျိုးသား(၂)ဦးကို လှိုင်သာယာမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေက ပြစ်မှုကျူးလွန်ပြီး တစ်နာရီအတွင်း ဖမ်းဆီးရမိနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 ဖြစ်စဉ်မှာ YBS 20 ယာဉ်ဟာ ဒဂုံဧရာအဝေးပြေးဘက်ကနေ အောင်ဇေယျတံတားဘက်ကိုမောင်းနှင်လာစဉ် မီးခွက်ဈေးမှတ်တိုင်အရောက် ဝါးရင်းတုတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား(၂)ဦးတက်လာပြီး ယာဉ်မောင်းထံက ငွေ(၁၀၀၀)ကျပ်တောင်းရာ ယာဉ်မောင်းကပိုက်ဆံမရှိကြောင်း ပိုက်ဆံပုံးအတွင်းကိုသာ ပိုက်ဆံထည့်စီးရတာဖြစ်ကြောင်း ပြန်လည်ပြောဆိုရာ အမျိုးသား(၂)ဦးက ပိုက်ဆံမပေးရင်ရိုက်မယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး ခရီးသည်(၂)ဦးထံက ငွေ(၂၀၀)တန် (၂)ရွက်ယူသွားခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လှိုင်သာယာမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေက စုံစမ်းခဲ့ရာ သြဂုတ်လ(၂၃)ရက် ညနေ(၆)နာရီ အချိန်မှာ ပြစ်မှုကျူးလွန်ခဲ့တဲ့ လှိုင်သာယာ(၁၄)ရပ်ကွက်နေ သူတစ်ဦးနဲ့ ညနေ(၆)နာရီ (၄၅)မိနစ်မှာ ထန်းတပင်မြို့နယ်နေ သူတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့သူ(၂)ဦးကို လှိုင်သာယာမြို့မရဲစခန်းက (ပ)၃၂၁၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ၃၈၆နဲ့ အမှုဖွင့် အရေးယူထားပြီး အခြားအမှုတွေ ကျူးလွန်ထားခြင်းရှိ၊မရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီသတင်းကိုCentral News Bureauက သီဟစိုးလွင်က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
လှိုင်သာယာမီးခွက်ဈေးမှတ်တိုင်တွင် YBSယာဉ်မောင်းအား ခြိမ်းခြောက်ငွေတောင်းသူများကိုဖမ်းမိ လှိုင်သာယာမီးခွက်ဈေးမှတ်တိုင်တွင် YBSယာဉ်မောင်းအား ခြိမ်းခြောက်ငွေတောင်းသူများကိုဖမ်းမိ Reviewed by THITHTOOLWIN on 11:58 Rating: 5
Powered by Blogger.